BEC-TERO TV

မြန်မာလက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းပရီးမီးယားလိဂ်ကလပ် ဆူခိုထိုင်းအသင်းက ခေါ်ယူ

28 Nov 2019     1,598 Views


မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင် ဇော်မင်းထွန်းကို ထိုင်းပရီးမီးယားလိဂ်ကလပ် ဆူခိုထိုင်းအသင်းက ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဇော်မင်းထွန်းဟာ ထိုင်းကလပ်အသင်း ချွန်ဘူရီအသင်းမှာ ၂၀၁၈ ဒီဇင်ဘာလ ကတည်းက သွားရောက်ကစားခဲ့တာဖြစ်ပြီး ယခု ၂၀၂၀ ရာသီသစ်မှာတော့ ဆူခိုထိုင်းအသင်းကိုပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။

ဇော်မင်းထွန်းကို ခေါ်ယူခဲ့တဲ့ စာချုပ်သက်တမ်းကိုတော့ ဖော်ပြခြင်းမရှိဘဲ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ တစ်နှစ်စာချုပ်ခေါ်ယူခဲ့တာလို့သိရပါတယ်။ ထိုင်းကလပ် ဆူခိုထိုင်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် (၁၂) ဖြင့် ရာသီသိမ်းခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ပြင်ပနိုင်ငံခြားသား ကစားသမားများကို ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဇော်မင်းထွန်းဟာ ချွန်ဘူရီအသင်းမှာ တစ်ရာသီလုံး ၁၉ ပွဲကစားခွင့်ရခဲ့ပါတယ်။ ဆူခိုထိုင်းအသင်းဟာ ဇော်မင်းထွန်းအပြင် မြန်မာလက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 


28 Nov 2019     1,598 Views




RELATED

Most Popular of Football

Most Popular of Sport