BEC-TERO TV

မန်ယူအသင်းက ပြုလုပ်ပေးမည့် ဂုဏ်ပြုပွဲကို လူမလာမှာဆိုးလို ပယ်ချလိုက်တဲ့ ဖီဂျုံးစ်

28 Nov 2019     1,536 Views


မန်ချက်စတာယူနိုက်တက် ဝါရင့်နောက်ခံလူ ဖီဂျုံးစ်ဟာ မန်ယူအသင်းက ပြုလုပ်ပေးမယ့် အထိမ်းအမှတ် ဂုဏ်ပြုပွဲ ကို ပရိသတ် တစ်ယောက်မှ ရောက်မလာမှာ စိုးရိမ်လို့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၇) နှစ်အရွယ် ဖီးဂျုံးစ်ကို ၂၀၁၁ ခုနှစ်ကတည်းက ဘလက်ဘန်းအသင်းကနေ ပေါင် (၁၆) သန်းနဲ့ မန်ယူအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး အခုဆို (၉) နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်း နည်းပြဟောင်း ဖာဂူဆန်က ဖီဂျုံးစ်ကို အနာဂါတ်မှာ အများကြီး မျှော်လင့်ထားပြီး သူတို့အတွက် အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့တောင် ၂၀၁၃ ခုနှစ်က ပြောဆိုထားခဲ့ဖူးပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပြ ကစားထားနိုင်မှုတွေ မရှိတာကြောင့် ပရိတ်သတ်တွေရဲ့ အမုန်းတော်ခံ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မန်ယူအသင်းနဲ့ (၄) နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

ဒါကြောင့် အသင်းမှာ (၉) နှစ်တာ ကစားပေးတဲ့ ဖီဂျုံးစ်အတွက် မန်ယူအသင်းက ဂုဏ်ပြုပွဲ ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဖီဂျုံးစ်ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ The Athletic,  ဖော်ပြချက်အရ ဖီဂျုံးစ်က ‘ ဂုဏ်ပြုပွဲပြုလုပ်​ပေးတော့လည်း ကျတော် အဖေနဲ့ အမေက လွဲပြီး ဘယ်သူက ဂုဏ်ပြုပွဲကို တက်ချင်မှာလဲဗျာ ’ လို့ ဝမ်းနည်းစကားဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူ ဖီဂျူးစ်ဟာ မန်ယူအသင်းမှာ (၈) နှစ်ကြာကစားထားပြီး ပွဲပေါင်း (၂၂၀) ကစားထားပြီး ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှား လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့အတွက် ရုံးကန်နေရပြီး ပြီးခဲ့အပါတ်က ရှက်ဖီးယူနိုက်တက်နဲ ပွဲမှာလည်း အမှားများခဲ့တာကို ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ဖီးဂျုံးစ် တစ်ယောက် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။


28 Nov 2019     1,536 Views




RELATED

Most Popular of Football

Most Popular of Sport