BEC-TERO TV

ပူးလစ်တယ်ရိုအသင်းနဲ့ သတင်းထွက်နေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူ

28 Nov 2019     1,536 Views


မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူဟာ လာမယ့်ရာသီမှာ ထိုင်းလိဂ်ကလပ် ပူးလစ်တယ်ရိုအသင်းမှာ ပြောင်းရွေ့ကစားဖို့ ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အောင်သူဟာ ပြီးခဲ့တဲ့ ရာသီက မြောက်တောင်အသင်းမှာအငှား သွားရောက်ကစားခဲ့ပြီး ယခုလာမယ့် နိုင်ဝင်ဘာ လ ကုန်ရင် အငှားစာချုပ်က ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာ ထိုင်းပရီးမီးယားလိဂ်-၁ ကိုတန်းပြန်တက်လာတဲ့ အသင်းဟောင်း ပူးလစ်တယ်ရိုအသင်းမှာ ကစားဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အောင်သူဟာ အသင်းဟောင်း ပူလစ်တယ်ရိုအသင်းမှာ၂၀၁၈-၁၉ ရာသီက အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၉-၁၈ဘောလုံးရာသီမှာတော့ မြောင်တောင်အသင်းကို ပြောင်းရွေ့ကစားခဲ့ပါတယ်။

အောင်သူဟာ ၂၀၁၉-၁၈က ထိုင်းလိဂ်ကလပ် ပူးလစ်တယ်ရိုအသင်းမှာ ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပြီး ၃၁ ကစားထားခွင့်ရကာ ၁၁ ဂိုးသွင်း ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် အသင်းနဲ့ အံ့ဝင်ခွင်ကျ ဖြစ်တဲ့ အောင်သူကို တဖန်ပြန်လည် ခေါ်ယူမလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

 


28 Nov 2019     1,536 Views




RELATED

Most Popular of Football

Most Popular of Sport