BEC-TERO TV

မကျွေးမွေးနိုင်တော့လို့ ကလေးကို ခရီးဆောင်အိတ်ထဲပိတ်ပြီး စွန့်ပစ် (ရုပ်သံ)

28 Nov 2019     1,808 Views


အိမ်ထောင်တွေပြု ကလေးတွေမွေးပြီး ရှာမကျွေးနိုင်တော့လို့ စွန့်ပစ်တဲ့ မိဘတွေထက်စာရင် အိမ်ထောင်ပြုပြီး သားသမီးမယူတဲ့ မိဘတွေက ပိုပြီးမြင့်မြတ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က အသက် ၃ နှစ်အရွယ် သားလေးကို မကျွေးမွေးနိုင်တော့လို့ ခရီးဆောင် လက်ဆွဲအိတ်တစ်လုံးထဲ ထည့်ပိတ်ကာ လမ်းဘေး စတိုးဆိုင်တစ်ဆိုင်ရဲ့ ရှေ့မှာ ဖခင်ကိုယ်တိုင် စွန့်ပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှန်ဒေါင်းမြို့က စတိုင်းဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ကလေးကိုလာရောက်စွန့်ပစ်သွားတာကို စီစီတီဗီကင်မရာကနေ မှတ်တင်းတင်နိုင်ခဲ့ပါတယ်။  ကလေးလေးဟာ အိတ်ရဲ့ဇာစ်ကို အထဲကနေ တွန်းဖွင့်ပြီးနောက် ကြောက်လန့်တကြားနဲ့ ငိုယိုခဲ့တာကြောင့် အနီးနားရှိ စားသောက်ဆိုင်က လူတွေက ထွက်ကြည့်ရာကနေ ခရီးဆောင်လက်ဆွဲအိတ် တစ်လုံးထဲမှာ ၃ နှစ်အရွယ် ကလေးလေးကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ကလေးကို မေးမြန်ပြီး ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးချက်အရ ကလေးရဲ့ ဖခင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အလုပ်မလုပ်နိုင်တော့ကြောင်း၊ သူပိုက်ဆံမရှာနိုင်တဲ့အချိန်ကစပြီး သူ့ရဲ့ဇနီး ကလေးရဲ့မိခင်ဟာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့ကြောင်း သိရပါတယ်။ သူ့အနေနဲ့လည်း ကလေးကို မကျွေးမွေးနိုင်တော့တာကြောင့် လာစွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။ ကလေးရဲ့ ဖခင်ဖြစ်သူ အဖမ်းခံခဲ့ရပြီး ကလေးအတွက် ဘယ်လို စီစဉ်သွားမလဲဆိုတာကို ရှင်းလင်းစွာ မသိရှိရပါ။


28 Nov 2019     1,808 Views




RELATED

Most Popular of Special or Others

Most Popular of NEWS