BEC-TERO TV

အခွင့်အရေး ရှိသေးရင် သရုပ်ဆောင်လုပ်ချင်သေးတယ်ဆိုတဲ့ ဂူဟဲဆောင်းန်

28 Nov 2019     1,958 Views


မြန်မာပရိတ်သတ်တွေ F4 မင်းသမီလေးလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်နဲ့  Blood ဇာတ်လမ်းတွဲရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့တဲ့ သရုပ်ဆောင် အန်ဂျယ်ဟွန်းတို့ 2016 မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် လမှာ ကွာရှင်းပြတ်စဲဖို့ ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။

ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ ပတ်သတ်လို့ အမှတ်တရတွေအကြောင်း Woman Dongha အင်တာဗျူးမှာ ပြောပြလာပါတယ်။

“ကျွန်မ သူ့ကို ကျေးဇူးအတင်မိဆုံး အချိန်တစ်ခုရှိခဲ့တယ်။ ကျွန်မတို့ နေတဲ့ အိပ်နောက်ဖေး ခြံဝင်းထဲမှာ ငှက်သေတစ်ကောင် ပြုတ်ကျလာတော့ ကျွန်မအရမ်းကြောက်ပြီး ငိုနေခဲ့တာ အဲ့တုန်းက သူကိုယ်တိုင်လည်း‌ ကြောက်နေပေမယ့် ငှက်ကို လက်ကိုင်ပုဝါနဲ့ အုပ်ပြီး မြေမြုပ်ပေးခဲ့တာ၊ ကျွန်မ ကြောက်နေခဲ့တုန်းက သူ အဲ့လို ကာကွယ်ပေးခဲ့တာ”

ခင်ပွန်းသည်ရဲ့ သဘောထားနဲ့ ပတ်သတ်လို့လည်း ဒီလိုပြောပြလာပါတယ်။

“သူက ဟက်ဟက်ပက်ပက်ရယ်မောပြီး သူ့ဘဝမှာ မှတ်မှတ်ရရ ပျော်ရွှင်ခဲ့ဖူးတာမျိုးတွေ မရှိဘူး ဆိုပြီးရှင့်ကိုပြောလိမ့်မယ်။ သူက အဲ့လို ဝမ်းနည်းစရာ အတိတ်တွေကို ရင်ထဲမှာ အမြဲသိမ်းဆည်းထားတတ်တဲ့ လူတစ်ယောက်ပဲ ”

ဆက်လက်ပြီး ဂူဟဲဆောင်းန်က ရှေ့ဆက်ပြီး လုပ်သွားချင်တဲ့ အနုပညာလှုပ်ရှားမှုအကြောင်းကို ပြောပြလာပါတယ်။

“ကျွန်မ အနုပညာအလုပ်တွေ ရပ်နားလိုက်တော့မယ်လို့ ပြောခဲ့ဖူးပေမယ့် ကျွန်မ နှလုံးသားတစ်နေရာမှာ ကိန်းအောင်းနေတာကတော့ သရုပ်ဆောင် အလုပ်ကို ဆက်လုပ်ချင်နေတုန်းပဲ” ဆိုပြီး ပြောပြသွားပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 


28 Nov 2019     1,958 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS