BEC-TERO TV

မန်ယူနဲ့ အာဆင်နယ် ရှံးပွဲကြုံတွေ့ခဲ့ပြီး ဝုလ်အသင်းနောက်တစ်ဆင့်ကို တက်ရောက်

29 Nov 2019     1,559 Views


မနေ့ညက ယူရိုပါလိဂ်အုပ်စုပွဲစဉ်များ ကစားခဲ့ကြပြီး အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့ မန်ယူ ၊ အာဆင်နယ်အသင်းတို့က ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ဝုလ်ဗာဟန်တန်အသင်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းက အက်စတာနာအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်အသင်းက ဖရန်ဖက်အသင်းကို ၁-၂ ဖြင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဝုလ်ဗာဟန်တန် အသင်းက အဝေးကွင်းမှာ စပို့တင်းဘရာဂါအသင်းကို ၃-၃ ဖြင့်သရေတစ်မှတ်ယူကာ အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်စတာနာ ၂-၁ မန်ယူ

နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာနေတဲ့မန်ယူအသင်းဟာ အက်စတာနာ ပွဲမှာ မန်ယူအသင်းဟာ တစ်လုံးလုံးနီးပါး အရံလူစာရင်းနဲ လူငယ်ကစားသမား အများစုကိုသာ အသုံးပြုခဲ့ပါတယ်။

အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာတဲ့ လင်ဂတ်နဲ့ ဘယ်နောက်ခံကစားသမား လုရှောတို့သာ ဝါရင့်ကစားသမား အဖြစ်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ မန်ယူအသင်းဟာ ကစားပုံကောင်းမွန်ခဲ့ပြီး ပွဲချိန် (၁၀) မိနစ်မှာတင် လင်ဂတ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာ အက်စတာနာအသင်းက ဖိအားပေးလာခဲ့ပြီး ချေပဂိုးကို ၅၅ မိနစ်မှာ  ရွန်ကို ကသွင်းယူပေးခဲ့ပြီး ၆၂ မိနစ်မှာ မန်ယူလူငယ်နောက်ခံကစားသမား ဘားနက်ဒ်ရဲ့ မသေသပ်တဲ့ ဖြတ်ထုတ်မှုကနေ OG ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ် ၁-၂ ဖရန်ဖက်

အာဆင်နယ်အသင်းဟာ အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် အိမ်ကွင်းမှာ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရပါတယ်။ အူဘာမီယန်းဦးဆောင်တဲ့ တိုက်စစ်အခင်းအကျင်းနဲ့ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာ အာဆင်နယ်အသင်းက ဖရန်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ အူဘာမီယန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဒီရာသီမှာ ဖြစ်နေကျအတိုင်း အာဆင်နယ်အသင်းရဲ့ ခံစစ်ဟာ လျော့တိလျော့ရဲ ဖြစ်လာခဲ့ပြီး ဖရန်ဖက်အသင်းက ချေပဂိုး ၊ အနိုင်ဂိုးတွေကို ၅၅ မိနစ် ၊ ၆၆ မိနစ်တွေမှာ သွင်းယူသွားခဲ့ပါတယ်။

စပို့တင်းဘရာဂါအသင်း ၃-၃ ဝုလ်ဗာဟန်တန်

ဒီပွဲက မြိုင်ဆိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အုပ်စု ထိပ်နားကအသင်းချင်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးများတဲ့ ပွဲစဉ်တစ်ပွဲကို မြင်တွေ့ခဲ့ရပြီး နှစ်ဖက်အသင်း သရေကျခဲ့တာကြောင့် ဝုလ်အသင်းက  နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။


29 Nov 2019     1,559 Views




RELATED

Most Popular of Football

Most Popular of Sport