ကမ္ဘာ့အဆင့်သတ်မှတ်ချက် အတိုးတက်ဆုံး ဖြစ်ခဲ့တဲ့ မြန်မာဘောလုံးအသင်း
29 Nov 2019 2,296 Views

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဟာ နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာအသင်းဟာ အတိုးတက်ဆုံးအသင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာလမှာ အဆင့် (၁၁)ဆင့် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် (၁၃၆) နေရာသို့ ရောက်ရှိလာခဲ့ပါတယ်။
.jpg)
မြန်မာအသင်းဟာ ပြီးခဲ့တဲ့နိုင်ဝင်ဘာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲနှင့် ခြေစမ်းပွဲတစ်ပွဲ ကစားထားခဲ့ပြီး ပွဲစဉ်သုံးပွဲဆက် အနိုင်ရရှိခဲ့ခြင်း အတွက် အတိုးတက်ဆုံးအသင်းအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာလအတွင်းမှာ နီပေါ၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့ကို အနိုင်ရရှိထားပါတယ်။

ကမ္ဘာ့အဆင့် နံပါတ်(၁)နေရာတွင် ဘယ်လ်ဂျီယံအသင်းက ဆက်လက်ရပ်တည်ခဲ့သလို၊ ထိပ်ဆုံး(၅)သင်းစလုံး ရပ်တည်မှုအပြောင်းအလဲ မရှိခဲ့ပေ။ ခရိုအေးရှားအသင်းက အဆင့် (၆) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းက အဆင့်(၇) နေရာသို့ ကျဆင်းခဲ့ပါတယ်။






