BEC-TERO TV

ဒိုင်လူကြီး ဦးအောင်ကိုလတ်ပြောသွားတဲ့ မူးလာအတွက် မှတ်သားဖွယ်ရာ စကားများ

29 Nov 2019     1,619 Views


Myanmar Idol Season 4 Top 7 (စိုးလွင်လွင် အမှတ်တရသီချင်းများ) ဖျော်ဖြေပွဲကြီးကို ပရိတ်သတ် မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ အဆိုတော် စိုးလွင်လွင်ရဲ့ သီချင်းတွေကို မတူညီ ထူးခြားတဲ့ သီဆိုဟန်တွေနဲ့ ဖျော်ဖြေသွားကြပါတယ်။ ပြိုင်ပွဲဝင် ၇ ယောက်ထဲက ပရိတ်သတ်ကြိုက်နှစ်သက်မှုနဲ့ အခိုင်အမာအားပေးမှုကို ရရှိထားတဲ့ စောခရစ်မူးလာ ဟာ ဒီ ပြိုင်ပွဲမှာ ‘ကိုယ်ချစ်’ ဆိုတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

သီချင်းဟာ မူးလာ သီဆိုနေကျ ပုံစံမဟုတ်ဘဲ သာမန် ခပ်အေးအေး အချစ်သီချင်းလေးပါ။ “ဒီသီချင်းက မူးလာနဲ့ လုံးဝမလိုက်ဖက်ဘူး” ဆိုပြီး ဦးလတ်က မှတ်ချက်ပေးခဲ့ပါတယ်။

“ငါတို့က လောဘကြီးတယ် ဆိုတာ ငါတို့လောဘက အကောင်းဆုံး ကျောက်လေးတစ်ပွင့်ကို ရချင်တာ idol season 4 ရဲ့ The best stone, gem stone ကိုရချင်နေတာ ဒါကြောင့် ငါတို့ ဒီနေရာမှာ လာထိုင်နေတာ” ဆိုပြီး မူးလာကို ဒီထက်ပိုတော် ပိုတတ်စေချင်တဲ့ ရည်ရွယ်ချက်ကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

“ဦးနှောက်ရယ် နှလုံးသားရယ် တူတူရှိနေတဲ့ ခန္ဓာကိုယ်မှာ ဦးနှောက်က အရမ်း စမတ်ဖြစ်ပြီး နှလုံးသားက အရမ်း မဲတူးနေရင် ဘာမှ လုပ်လို့မရဘူး”

“အဲ့လိုပဲ နှလုံးသားက ဖြူစင်ပြီး ဂရုဏာ ထားတတ်၊ သနားကြင်နာတတ် သုတ ရသတွေ ခံစားတတ်ပြီး ဦးနှောက်က အလုပ်မလုပ်ရင်လည်း ဘာမှ သုံးစားလို့မရဘူး” ဆိုပြီး ပြောပြသွားပါတယ်။

 

ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးလတ်က မူးလာကို ပရော်ဖက်ရှင်နယ်ကျတဲ့ အနုပညာသမား တစ်ယောက်ဖြစ်လာစေဖို့အတွက် ဦးနှောက်နဲ့ နှလုံးသား ကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ သမာသမတ် နည်းလမ်းကျတဲ့ စကားတွေနဲ့ လမ်းညွှန်ပေးခဲ့တာပဲဖြစ်ပါတယ်။

Ref:Channel 9 Myanmar

(ပိုပိုလေး)

 

 


29 Nov 2019     1,619 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS