BEC-TERO TV

တီမောအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဇယားကို ဦးဆောင်လိုက်တဲ့ မြန်မာယူ-၂၂

29 Nov 2019     1,707 Views


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ အကြိမ်(၃၀) မြောက် ဆီးဂိမ်းစ် (ဘောလုံး) ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (A) ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး  ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ပွဲစတာနဲ့ တီမောအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာပဲ ထက်ဖြိုးဝေရဲ့ ကန်တင်ပေးပို့မှုကနေ အောင်ကောင်မာန်က ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ တီမောအသင်းကို ဘောလုံးအသားစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရံဖန်ရံခါ တီမောအသင်းရဲ့ ကောင်တာ တိုက်စစ်နဲ့ ခြိမ်းခြောက်မှုတွေကို လည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း မြန်မာအသင်းကသာ ပွဲချိန် ၃၅ မိနစ် မှာ  ထက်ဖြိုးဝေ ရဲ့ သွင်းဂိုးနဲ့ သွင်းယူနိုင်ခဲ့ပါတယ်။  မကြာခင် မိနစ်ပိုင်းအတွင်းမှာပဲ တီမောအသင်းက ပွဲချိန် ၃၉ မိနစ် အက်စကွီတာ က ချေပဂိုးသွင်းယူခဲ့ပါတယ်။  ဒုတိယပိုင်း ပြီးခါနီးမှာ မြန်မာအသင်းဟာ လျော့တိလျော့ရဲ ကစားပုံကြောင့် ကံကောင်းလို့သာ ချေပဂိုး ထပ်မံ မပေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုကပဲ မြန်မာအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲချိန် (၇၀) မိနစ်ကျော်လာချိန်မှာတော့ မြန်မာအသင်းဟာ အဓိက ကစားသမားအချို့ကို အနားပေးလိုက်ပြီး လက်ရှိ ရလဒ်ကို ထိန်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာ မြန်မာအသင်းဟာ တီမောအသင်းကို ၁-၃ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းဟာ သုံးပွဲကစားထားပြီးအနေအထားမှာ ၂ ပွဲနိုင် ၁ သရေနဲ့ ရမှတ် (၇) မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

 


29 Nov 2019     1,707 Views




RELATED

Most Popular of Football

Most Popular of Sport