အမှိုက်တစ်ထုပ်နဲ့ အနွေးထည် တစ်ထည်လဲပေးတဲ့အစီအစဉ် ပျဉ်းမနားမြို့တွင် စတင်
03 Dec 2019 1,915 Views

ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်ကျင်ကို သန့်ရှင်းစေဖို့အတွက် ပျဉ်းမနားမြို့တွင် အမှိုက်နဲ့ အနွေးထည် အကျီလဲလည်ပေးတဲ့ အစီအစဉ်တစ်ခု စတင်ခဲ့တယ်လို့ သိရပါတယ်။ ပျဉ်းမနားမြို့ လူမှုကူညီရေး အဖွဲ့တစ်ခုဟာ အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်အင်္ကျီတစ်ထည်ပေးတဲ့ လှုပ်ရှားမှုက စတင်ပြုလုပ်နေပါတယ်။
ပလပ်စတစ်အပါအဝင် သဘာဝပတ်ဝန်ကျင်ကိုညစ်ညမ်းစေတဲ့ အမှိုက် ၊ ဆွေ့မြေ့ဖို့ ခက်ခဲ့တဲ့ အမှိုက်မျိုးအစားတွေကို တစ်ပိသာ ၊ ဖော့ဘူးစတာတွေကို သူ့တို့ဆီလာပို့ရင် ဆောင်ရာသီမှာ ဝတ်ဆင်နိုင်ဖို့အတွက် အနွေးထည်အင်္ကျီ တစ်ထည် လဲလှယ်ပေးတာ ဖြစ်ပါတယ်။'

အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၁ရက်နေ့ တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလ လတိုင်းရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပျဉ်းမနားမြို့က ချို့တဲ့တဲ့ရပ်ကွက်အများစုကို လှည့်လည်ကာ အမှိုက်နဲ့ အနွေးထည် လဲလှယ်တာလို့ လှုပ်ရှားမှုကို စတင်တဲ့ မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့၊ လှုပ်ရှားမှု စတင်တဲ့အချိန်မှာပဲ အမှိုက် ပိဿာ ၃၀၀ ရရှိခဲ့ပြီး အနွေးထည် ၃၀၀ ကို ဝေမျှပေးခဲ့ရတယ်လို့ သိရပါတယ်။







