BEC-TERO TV

မီလန်မှာဆုယူဖို့အတွက် Ballon d’Or ဆုပေးပွဲကို မတက်ရောက်ဖြစ်ခဲ့တဲ့ စီရော်နယ်ဒို

03 Dec 2019     1,963 Views


မနေ့က ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီဒီးအေတစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုရယူဖို့အတွက် မနေ့ကတစ်နေ့တည်းပေးအပ်တဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုဟာ Ballon d’Or ဆုကိုရရှိဖို့ ရေပန်းစားဆုံးစာရင်းမှာ အပါဝင်ခဲ့ဘဲ့ အဆင့် (၃) နဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါဆုပေးပွဲကို မတက်ရောက်ဘဲ သေချာရစေမယ့် စီဒီအေ တစ်နှစ်အကောင်းဆုံးဆုပေးပွဲကို မီလန်မြို့မှာ တက်ရောက်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရယူခဲ့တာဖြစ်ပါတယ်။

Ballon d’Or ဆုကိုရရှိမယ်သူဟာ ကြိုတင်သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ မက်ဆီက (၆) ကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်စီဟာ Ballon d’Or ဆုကို တစ်ကြိမ်ပိုအသာရရှိသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းကို အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး တစ်ရာသီ သွင်းဂိုး (၂၈) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒဏ်ရာပြသာနာတချို့ ကြုံတွေ့နေရပြီး ခြေစွမ်ပြဖို့ ရုံးကန်နေရပါတယ်။


03 Dec 2019     1,963 Views




RELATED

Most Popular of Football

Most Popular of Sport