BEC-TERO TV

ပရီးမီးယားလိဂ် အသင်းကြီး (၁) သင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတဲ့ ပိုချက်တီနို

04 Dec 2019     1,378 Views


ပိုချက်တီနိုဟာ ပြီးခဲ့တဲ့လက စပါးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာပဲ ပြန်လည်လုပ်ကိုင်လိုနေပြီး မန်ယူအသင်းနည်းပြရာထူးကို သဘောကျ နှစ်ခြိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက မန်ယူအသင်းဟာ အာဂျင်တိုင်းသား ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် စပါးအသင်းကို အလျှော်ကြေးပေး ခန့်အပ်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခု စပါးအသင်းက ပိုချက်တီနိုကို ရားထူကနေ ထုတ်ပယ်ခဲ့ပြီး မောရင်ဟိုက ခန့်အပ်ခဲ့ကြောင့် လက်ရှိမှာ ပိုချက်တီနိုဟာ အသင်းမဲ့ ဖြစ်ကြောင့် အလွတ်ဖြင့်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ယခုလက်ရှိ မန်ယူအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဆိုးလ်ရှားလက်ထက်မှာ ရလဒ်ဆိုးတွေကြုံတွေနေပြီး ၁၄ ကိုင်တွယ်ထားရာမှာ (၄) ပွဲသာအနိုင်ရရှိထားသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းပရိတ်သတ်တွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားဖြစ်မလာဖို့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပါတ်က မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဗီလာအသင်းကို ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ယခုလာမယ့်အပါတ် ကြားရက်ပွဲစဉ်မှာတော့ စပါးအသင်းနဲ့ကစားသွားရမှာဖြစ်ပြီး ရလဒ်ကောင်းရဖို့ကြိုးစားသွားရမှာ ဖြစ်ပါတယ်။


04 Dec 2019     1,378 Views




RELATED

Most Popular of Football

Most Popular of Sport