BEC-TERO TV

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက တရားစွဲဆို

04 Dec 2019     1,912 Views


ဒီဇင်ဘာ ၄ ရက်က ယနေ့တွင် သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းက ကာမလိမ်လည်မှု​ဖြင့် ရန်ကင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်က ရည်းစားဖြစ်သူ မ--- ကို သရုပ်ဆောင်မိုးအောင်ရင်က သူမကို လက်ထပ်မယ်ပြောဆိုပြီး ကာလလိမ်လည်ရယူကာ လက်ထပ်ယူခြင်း မရှိတာကြောင့်  နိုင်ဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်တရားစွဲဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သရုပ်ဆောင် မိုးအောင်ရင်က ရည်းစားဖြစ်သူမ-- နဲ့တရားဝင် လမ်းခွဲခဲ့ပြီး ဖြစ်တယ်လို့ မီဒီယာတွေထံကြေညာခဲ့ပြီး နောက်အခုလို့ တရားစွဲဆိုမှုတွေပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကင်းမြို့နယ်တရားရုံးမှ တရားလို မ. . . . အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရပါတယ်။

 ရုံးချိန်းကို ဒီဇင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး သရုပ်ဆောင်မိုးအောင်ရင်အား ရုံးတော်ရှေ့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ထားကြောင်း သိရပါတယ်။ မိုးအောင်ရင်ဟာ အရင်ကလည်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခံထားရပြီး ယခုလည်း တရားစွဲဆိုခံထားရပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။


04 Dec 2019     1,912 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS