BEC-TERO TV

လက်ရှိမိန်းမကိုမေ့ပြီး ရည်းစားဟောင်းကို သတိရနေသလို ဖြစ်ခဲ့တဲ့ ဂွာဒီယိုလာ

05 Dec 2019     2,048 Views


မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာ ပြီးခဲ့တဲ့ အပါတ်က ဘန်လေအသင်းကို ၁-၄ ဖြင့်အနိုင်ရတဲ့ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ သူကိုယ့်သူ ဘယ်အသင်းကို ကိုယ်တွယ်နေလဲ ဆိုတာကိုတောင် မေ့လျော့နေခဲ့ပြီး လက်ရှိမိန်းမကိုမေ့ပြီး ရည်းစားဟောင်းကို သတိရနေသလို ဖြစ်နေပါတယ်။

ပက်ဂွာဒီယိုလာ ဟာ ‘ ကျတော်တို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ကောင်းကာင်းအထိုင်ကျနေပါပြီ၊ ​နောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ..။  ဘိုင်ယန်အသင်းက ဝယ်ထားတဲ့ ..။ မဟုတ်ဘူး …။ မန်စီတီးက ကစာသမားကောင်းတွေ ဝယ်ထားတဲ့ ..။ Wtf ငါဘာတွေ တွေးနေလဲ မသိဘူး  ’ ဆိုပြီး စကားတွေ အလွဲအလွဲအချော်ချော် ဖြစ်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာဟာ ဥရောပထိပ်သီအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူနစ် အသင်းတို့ကို အောင်မြင်မှုတွေ ရရှိအောင်ကိုင်တွယ်ထားနိုင်ခဲ့ပြီး လက်ရှိမန်စီးတီးအသင်းမှာလည်း ပြည်တွင်း အမှတ်ပေးဖလားကို (၂) နှစ်ဆက် ကိုင်မြောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ  မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနဲ့ (၁၁) မှတ်ကွာဟနေပြီး ဒီရာသီ အမှတ်ပေးဖလားကို ကာကွယ်နိုင်ဖို့ အတော်လေး ခက်ခဲ့နေတာကို တွေ့ရပါတယ်။

လက်တလော မှာ ပက်ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးအသင်းကို ပြန်လည်ကိုင်တွယ်မယ် ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေပြီး အသင်းဟောင်းကိုပြန်ချင်လို့ စကားတွေလွဲနေရတာလား ..၊ ဒါမှမဟုတ် လီဗာပူးလ်အသင်းနဲ့ အမှတ်ပြတ်နေလို့ စိတ်နဲ့ ကိုယ်နဲ့ မကပ်နေတာလဲ ဆိုတာတော့ စဉ်းစားစာရာပါ..။

ဂွာဒီယိုလာတစ်ယောက် ဘာတွေဖြစ်နေပြီလဲ


05 Dec 2019     2,048 Views




RELATED

Most Popular of Football

Most Popular of Sport