BEC-TERO TV

ကမ္ဘာ့ဈေးအကြီးဆုံး မှတ်တမ်းဝင်သွားတဲ့ ဒေါ်လာ ၃၁ သန်းတန် နာရီ

10 Dec 2019     2,250 Views


မိတ်ဆွေ..! နာရီတစ်လုံးအတွက် ပိုက်ဆံဘယ်လောက်သုံးဖူးပါသလဲ..?

Patek Philippe အမှတ်တံဆိပ် လက်ပတ်နာရီတစ်လုံးက ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ Only Watch လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၁ သန်းနဲ့ ရောင်းချလိုက်ရတဲ့အတွက် ကမ္ဘာ့စျေးအကြီးဆုံးနာရီအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

Only Watch လေလံပွဲဟာ မရှိဆင်းရဲသားနဲ့ လိုအပ်နေတဲ့နေရာတွေကို ပြန်လည်လှူဒါန်းဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ လေလံပွဲဖြစ်ပါတယ်။ ဒီပွဲမှာ Patek Philippe Grandmaster Chime Ref. 6300A မော်ဒယ်လ် လက်ပတ်နာရီကို ဈေးအမြင့်ဆုံးနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနာရီဟာ 2019 Only Watch လေလံပွဲအတွက် အထူးပြုလုပ်ထားတဲ့နာရီဖြစ်ပါတယ်။ နာရီရဲ့ထူးခြားချက်ကတော့ နာရီတစ်ခုလုံးကို စတီးအစစ်နဲ့ပြုလုပ်ထားပြီး အတွင်းဒိုင်ခွက်က ၁၈ ကာရက်ရွှေနဲ့ပြုလုပ်ထားပါတယ်။ နာရီမှာ ဒိုင်ခွက်ငယ် ၄ ခုပါရှိပြီး မိနစ်၊ နေ့ရက်၊ အချက်ပေးသံ၊ နေ့/ည စတဲ့ လုပ်ဆောင်ချက် အမျိုးပေါင်း ၂၀ လောက် ပါဝင်ပါတယ်။

ဒီထက်ပိုပြီး ထူးခြားတာကတော့ နာရီဟာ နှစ်ဖက်လှဖြစ်ပြီး တစ်ဖက်ကိုလှန်လိုက်ရင် အနက်ရောင်ဒိုင်ခွက်နဲ့ အခြားဒီဇိုင်းတစ်မျိုးကို နောက်ထပ် နာရီတစ်လုံးပုံစံနဲ့ ဝတ်ဆင်နိုင်ပါတယ်။ နာရီလက်ပတ်ကြိုးကတော့ နက်ပြောင်တောက်ပတဲ့ မိကျောင်းသားရေစစ်စစ်နဲ့ ပြုလုပ်ထားပါတယ်။ ဖုန်တွေသဲတွေ မဝင်အောင် ပြုလုပ်ထားပေမယ့် ရေစိမ်ခံနာရီတော့ မဟုတ်ပါဘူး။

ဒီနာရီမတိုင်ခင်က ကမ္ဘာ့ဈေးအကြီးဆုံးနာရီအဖြစ် ၂၀၁၇ ခုနှစ် Phillips လေလံပွဲမှာ ရောင်းချခဲ့တဲ့ Paul Newman အမှတ်တံဆိပ် Paul Newman Rolex Daytona က ဒေါ်လာ ၁၇.၇ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေခဲ့ပါတယ်။ အခုတော့ Patek Philippe Grandmaster Chime Ref. 6300A နာရီက ဒေါ်လာ ၃၁ သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးနာရီနေရာကို ဖြတ်ကျော်သွားခဲ့ပါပြီ။

Only Watch လေလံပွဲကရရှိတဲ့ အမြတ်ငွေကြေးတွေကို မျိုးရိုးဗီဇရောဂါကြောင့် မူမမှန်ဖြစ်နေတဲ့ ကလေးငယ်တွေကို ကုသပေးနိုင်ဖို့ ဆေးသုတေသနပြုလုပ်နေတဲ့ Duchenne muscular dystrophy (MDA) အဖွဲ့အစည်းကို ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။


10 Dec 2019     2,250 Views




RELATED

Most Popular of Special or Others

Most Popular of Life Style