BEC-TERO TV

(၁၅ )ရာသီဆက် လိဂ်သွင်းဂိုး (၁၀) ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စီရော်နယ်ဒို

16 Dec 2019     1,381 Views


ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မနေ့က အူဒီးနီးစ်အသင်းကို ၃-၁ ဖြင့်အနိုင်ရတဲ့ ပွဲစဉ်မှာ သွင်းဂိုး(၂) ဂိုးသွင်းယူပေးခဲ့ပြီး (၁၅ )ရာသီဆက်တိုက် လိဂ်သွင်းဂိုး (၁၀) ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ ပွဲစဆိုတာနဲ့ အူဒီနီးစ် ဖိအားပေးကစားလာခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲချိန်  ၉ မိနစ် ၊ ၃၀ မိနစ်တို့မှာ ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေတယ်​ ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို မနေ့ကပွဲမှာ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုး (၁၁) ဂိုးသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၅-၀၆ ခုနှစ်ကစပြီး ဥရောပလိဂ်ထိပ်တန်း လိဂ် (၅) ခုမှာ တစ်ရာသီကို အနည်းဆုံး သွင်းဂိုး (၁၀) နဲ့အထက်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၅-၀၆ ခုနှစ် ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် သွင်းဂိုး (၁၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ရာသီတွေမှာလည်း ဒီထက်ပိုပြီး ၂၃ ၊ ၄၂ ၊ ၂၆ ဆက်တိုက် ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ထို့နောက် ရီးရဲလ်အသင်းကို ပြောင်းရွေ့ခဲ့ပြီး ပထမဘောလုံးရာသီမှတင်သွင်းဂိုး  (၃၃) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ပြိုင်ပွဲစုံ (၄၃) ကစားထားခဲ့ပြီး (၂၈) ဂိုးသွင်းယူကာ စီးရီအေ တစ်နှစ်တာ ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒို သွင်းယူခဲ့တဲ့ ရာသီအလိုက်သွင်းဂိုးများ

2005-06: 12

2006-07: 23

2007-08: 42

2008-09: 26

2009-10: 33

2010-11: 53

2011-12: 60

2012-13: 55

2013-14: 51

2014-15: 61

2015-16: 51

2016-17: 42

2017-18: 44

2018-19: 28

2019-20: 11

 

 


16 Dec 2019     1,381 Views




RELATED

Most Popular of Football

Most Popular of Sport