BEC-TERO TV

ဟာလန်းနဲ့ပါတ်သတ်ပြီး ကောလဟာလ သတင်းတွေကို မှတ်ချက်ပေးခဲ့တဲ့ မန်ယူနည်းပြ ဆိုးလ်ရှား

16 Dec 2019     1,458 Views


မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ရက်ဘူး ဆဲလ်ဘတ် ကြယ်ပွင့် တိုက်စစ်မှူး အယ်လင် ဟာလန်းကို တွေ့ဆုံဖို့အတွက် သြစတြီးယားကို သွားရောက်ခဲ့တယ်လို့ ကောလဟာလ သတင်းထွက်ပေါ်ခဲ့ပါတယ်။ မန်ယူအသင်းနည်းပြဆိုးရှားလ်ဟာ မိုဒီအသင်းကို ကိုင်တွယ်စဉ်က တပည့်အရင်းဖြစ်တဲ့ ဟာလန်းကို မြေထောင်မြောက်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ယခုလည်း အသင်းကြီးအများစုက မျက်စိကျနေတဲ့ဟာလန်းကို မန်ယူအသင်းထံခေါ်ယူဖို့ လက်ဦးမှုရာယူဖို့အတွက် သြစတြီးယားအထိ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မနေ့က အဲဗာတန်အသင်းနဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားဟာ ဟာလန်းနဲ့ပါတ်သတ်ပြီး သတင်းထောက်တွေရဲ့ မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆိုးလ်ရှားက ‘ သူဘာလုပ်ချင်တာလဲဆိုတာ သူသိပါတယ်။ ဘာလုပ်ရမယ်ဆိုတာလည်း  သူသိပါတယ်။ ဒါကြောင့် အခြားအသင်းက ကစာသမားတွေနဲ့ ပါတ်သတ်ပြီး ဘာအကြံညဏ်မှမပေးချင်ပါဘူး ’ လို့ပြောဆိုခဲ့ပါတယ်။

အသက် (၁၉) နှစ်အရွယ် ဟာလန်းဟာ လက်ရှိမှာ ရက်ဘူး ဆဲလ်ဘတ်အသင်းမှာ ကစားနေပြီး ၂၂ ပွဲကစားထားပြီး (၂၈) ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း  သွင်းဂိုး (၈) ဂိုးအထိသွင်းယူ ခြေစွမ်းပြခဲ့ပါတယ်။

ဟာလန်းဟာ ကို ဒေါ့မွန် ၊  လိုက်ဇစ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ ဘယ်အသင်းဆီကို ရောက်ရှိသွားမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

 


16 Dec 2019     1,458 Views




RELATED

Most Popular of Football

Most Popular of Sport