BEC-TERO TV

ချိုင်း(ဂျိုင်း)နံ့ပျောက်အောင် ဘယ်လိုလုပ်ရမလဲ..?

16 Dec 2019     3,303 Views


ရုပ်ရည်ရှုပကာနဲ့ ဝတ်စားထားတာ မည်မျှပင် သားနားနေပါစေ၊ ထိုသူထံမှ ချိုင်းချွေးနံ့ (လက်ပက်စော်နံ) ရပါက အားလုံးက နှခေါင်းရှုံ့သွားကြမှာ မလွဲပါဘူး။

တစ်ကယ်တော့ ချိုင်းချွေးနံ့ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ အနံ့ပြင်းတာနဲ့ ညင်သာတာပဲ ကွာခြားပါတယ်။ ချိုင်းချွေးနံ့ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ချည်း သက်သက်ကြောင့် ထွက်လာတဲ့ အနံ့မဟုတ်ပါဘူး။

လူတစ်ဦးခြင်းစီရဲ့ အစားအသာက်များနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အပုတ်ခံထားသော အစားအစာကြိုက်သူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ချိုင်းချွေးနံ့ ပြင်းပြင်းရှိတတ်ပါတယ်။

ချိုင်းနံ့သည် ချိုင်အတွင်းထဲမှာရှိတဲ့ apocrine gland ဟုခေါ်သည့် ဂလင်းအိတ်လေးများမှ အနံ့နံသောအဆီထွက်လာခြင်းကြောင့်ဖြစ်သည်။

ရေမှန်မှန်မချိုးခြင်း၊ ရေးချိုးသည့်အခါ ချိုင်းကြားကို သန့်စင်အောင် မလုပ်ခြင်းတို့က ချိုင်းရဲ့အနံ့ကို ပိုဆိုးစေပါတယ်။ ချိုင့်အနံ့ပြင်းပြင်း ရှိတတ်သူများအနေနဲ့ မည်မျှပင် နာမည်ကြီးသော ချိုင်းလိမ်းတောင့်ဆေး Roll-on ကို သုံးစွဲကာမူ နာရီအနည်းငယ်အထိသာ ထိန်းထားနိုင်ပေလိမ့်မည်။

ချိုင့်အနံ့ကို အချိန်ကြာကြာလုံးဝ ကင်းစင်စေဖို့ဆိုရင် မြန်မာ့ရိုးရာ ထုံးရည်ကြည် နည်းလမ်းလေးကသာ အပြည့်အဝ အထောက်အကူပြုပါလိမ့်မယ်။

ထုံးသန့်သန့်ကို သန့်ရှင်းသော ခွက်(အဖုံးပါ)တွင်းသို့ ထည့်ပြီး ရေနွေးလောင်းထည့်ကာ အအေးခံပါ။ ထို့နောက် အပေါ်ယံအရည်ကြည်ရအောင် ခံထားပါ။ မနက်၊ ည ရေချိုးပြီးတိုင်း ချိုင်းကို ခြောက်သွေ့နေအောင် ပဝါနဲ့သုတ်ပြီး ထုံးရည်ကြည် သုတ်လိမ်းပေးပါ။ ထုံးရည်ခြောက်သွားပါက ချိုင်းကို Zinc Oxide ပါသော ကိုယ်လိမ်းပေါင်ဒါဖြင့် လိမ်းပေးပါ (မလိမ်းပေးလည်းရသည်)။ အရည်ကြည်ကုန်ခါနီးပါက ရေနွေးဖြင့် ထပ်မံစပ်ပါ။

ထုံးရည်ကြည်ကို တစ်ပတ်လောက် သုတ်လိမ်းပေးတာနဲ့ ချိုင်းချွေးနဲ့ လုံးဝမရှိတော့လောက်အောင် ကင်းစင်သွားသည်ကို လက်တွေ့သိရပါလိမ့်မယ်။ ပုံမှန်အတိုင်း Roll-on ပြန်သုံးနိုင်ပြီး ရံဖန်ရံခါ ထုံရည်ကြည် လိမ်းပေးခြင်းဖြင့် အနံ့မထွက်အောင် ဆက်လက်ထိန်းသိမ်းထားနိုင်ပါမည်။

သတိပြုရန်။   ။ ထုံးချည်းသက်သက် မလိမ်းရပါ။ ထုံးပေါက်ပြီး ချိုင်းအနာဖြစ်တတ်သည်။


16 Dec 2019     3,303 Views




RELATED

Most Popular of Health Fix

Most Popular of Life Style