BEC-TERO TV

အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ဖို့သဘောတူညီမှုရရှိခဲ့တဲ့ အဲဗာတန်အသင်း

17 Dec 2019     1,424 Views


နာမည်ကျော် အီတလီနည်းပြ အန်ဆယ်လော့တီဟာ အဲဗာတန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်တယ်လို့ Sky Sports က ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်ပယ်ခဲ့တဲ့ မားကိုဆေးလ်ဗားနေရာကို ကိုင်တွယ်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဗာတန်အသင်းကို ယာယီနည်းပြ ဒန်ကန် ဖာဂူဆန်က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပါတ်အတွင်းကမှ နာပိုလီအသင်းပိုင်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး နာပိုလီအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အန်ဆယ်လောတီဟာ ပရီးမီးယားလိဂ်မှာ ပြန်လည်ခြေချဖို့ ပြင်ဆင်လာပြီး အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်း ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အန်ဆယ်လော့တီဟာ ဥရောပအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး ၊  ဂျူဗင်တပ်စ် ၊ အေစီမီလန် ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ နာပိုလီ အသင်းတွေကို ကိုင်တွယ်ထားခဲ့ဖူးတဲ့ ဝါရင့် နည်းပြ တစ်ဦးဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၊ FA ဖလား ၊ ကွန်မြူနတီဒိုင်းဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်ပါတယ်။

 

 

 


17 Dec 2019     1,424 Views




RELATED

Most Popular of Football

Most Popular of Sport