BEC-TERO TV

ညဘက် ပန်ကာဖွင့်အိပ်ရာမှ အမျိုးသမီးတစ်ဦး တောင့်တင်းပြီး သေဆုံး

17 Dec 2019     1,672 Views


ကမ္ဘာကြီးပူနွေးလာမှုကြောင့် အခုရာသီဟာ ဆောင်းတွင်းဖြစ်ပေမယ့် အအေးသိသိသာသာလျော့နေတာကြောင့် ရံဖန်ရံခါ ပူအိုက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့်မို့ ပန်ကာဖွင့်ပြီး အိပ်ရာမှ အမျိုးသမီးတစ်ဦးဟာ သူမရဲ့အိပ်ယာထဲမှာပဲ တောင့်တင်းပြီး သေဆုံးနေတာကို မနက်အရောက်မှာ အိမ်သားတွေ တွေ့လိုက်ရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချိုင်ရတ်ဖန်မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး အိပ်ယာထဲမှာ သေဆုံး​နေတာကို အဆိုပါနေ့နံနက် ၇ နာရီမှာ တွေ့ရှိခဲ့ပါတယ်။ ရဲတွေ လာရောက်စစ်ဆေးတဲ့အခါမှာ သူမရဲ့အိပ်ယာခြေရင်းမှာ ပန်ကာဖွင့်ထားလျှက်ရှိပြီး သေဆုံးသူဟာ အိပ်ယာပေါ်မှာ ဘောင်းဘီအတိုဝတ်ဆင်ထားလျှက် နွေးထွေးအောင် စောင်ထားခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။ သူမဟာ ပန်ကာကို ညလုံးပေါက်ဖွင့်ထားကာ အိပ်စက်စဉ် ရုတ်တရက် အပူချိန်ပြောင်းလဲသွားတာကြောင့် အခုလို သေဆုံးသွားခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ ချိုင်ရတ်ဖန်စီရင်စုရဲ့ အပူချိန်ဟာ ၁၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေပါတယ်။

သေဆုံးသူအမျိုးသမီးရဲ့ အစ်မဖြစ်သူက သူ့ညီမဟာ အိပ်ယာမဝင်ခင် ညစာစားနေစဉ်မှာ အရက်သောက်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ နောက်တစ်နေ့နံနက် အိပ်ယာက ထမလာတဲ့အတွက် သွားကြည့်ခဲ့ရာ အခုလို တောင့်တင်းပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း သိရသည်။


17 Dec 2019     1,672 Views




RELATED

Most Popular of Special or Others

Most Popular of NEWS