BEC-TERO TV

သရုပ်ဆောင် ဆယ်ယောက်ကို အခမဲ့ ရွေးချယ်မွေးထုတ်ပေးသွားမယ့် နေထူးနိုင်

17 Dec 2019     2,676 Views


သရုပ်ဆောင်နေထူးနိုင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ ကလေးအစ လူကြီးအဆုံးမသိသူမရှိလောက်အောင် ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အင်မတန်မှ နာမည်ကြီးထင်ရှားသူပါ။ ရုပ်ရှင်ဗီဒီယိုလောကရဲ့ ဆရာတစ်ဆူလို့ပင်ဆိုရလောက်တဲ့ နေထူးနိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်စနိုးနဲ့စနောက်ပြောင်ခြင်းကို အမြဲတစေခံရသူလဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့အတူ အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ နေထူးနိုင်ကတော့ ဇနီးချောလေးနဲ့ သားချောလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတာပါ။ ဒီကနေ့ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ နေထူးနိုင်ဟာ ဇနီးသည်နဲ့လက်တွဲခဲ့တာ မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

(၁၀) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အမှတ်တရအဖြစ် အနုပညာဝါသနာရှင်တွေထဲက (၁၀) ယောက်ကို ငွေကြေးလုံး၀မယူပဲ သရုပ်ဆောင်အဖြစ် ရွေးချယ်မွေးထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွေးချယ်လိုက်တဲ့သရုပ်ဆောင်များကို ဗီဒီယိုဇာတ်ကားများလဲ ရိုက်ကူးပေးသွားမယ်ဆိုတဲ့အကြောင်းကို နေထူးနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ကနေ အသိပေးမျှဝေထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးထဲမှာ ကွီးနေထူးနိုင်ကို ချစ်ခင်အားပေးတဲ့သူတွေရှိလား..? ရှိတယ်ဆိုရင် ကွီးနေထူးနိုင်တို့ရဲ့ မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်အတွက် ဆုမွန်ကောင်းလေးတွေ တောင်းပေးလိုက်ကြပါဦးနော်….

 

(ပိုပိုလေး)


17 Dec 2019     2,676 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment