BEC-TERO TV

ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်ယူအသင်း

18 Dec 2019     1,960 Views


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆဲလ်ဘတ် ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ပေါင် (၇၆) သန်းဖြင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဟာလန်းကို ခေါ်ယူပြီး လက်ရှိကလပ် ဆဲလ်ဘတ်အသင်းမှာ ရာသီကုန်အထိ အငှားချထားပေးဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အသက် (၁၉) နှစ်အရွယ်ရှိ ဟာလန်းကို ဥရောပအသင်းကြီးအများစုက ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မန်ယူအသင်းက လက်ဦးမှုရယူကာ ခေါ်ယူဖို့ ခြေလှမ်းစတင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ အသင်းကြီးတွေ သဘောကျစေမယ့် ခြေစွမ်းမျိုးကို ပြသနေတာဖြစ်ပါတယ်။

ဒီရာသီမှာ ဆဲလ်ဘတ်အသင်းအတွက် (၂၂) ပွဲကစားထားပြီး သွင်းဂိုး (၂၈) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာလည်း  သွင်းဂိုး (၈) ဂိုးအထိသွင်းယူ ခြေစွမ်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူအသင်းနည်းပြဆိုးလ်ရှားက ဟာလန်းကို ခေါ်ယူနိုင်တော့မယ်လို့ အရိပ်အမြွတ် ပြောဆိုထားခဲ့မှုတွေရှိခဲ့ပြီး သြစတြီးယားအထိ သွားရောက် စည်းရုံးခဲ့တဲ့ ဆိုတဲ့ သတင်းတွေလည်း ကြားခဲ့ရပါတယ်။


18 Dec 2019     1,960 Views




RELATED

Most Popular of Football

Most Popular of Sport