BEC-TERO TV

အာတီတာကို ၃ နှစ်ခွဲစာချုပ်ဖြင့် ​သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်

18 Dec 2019     1,421 Views


အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းလက်ထောက်နည်းပြ အာတီတာကို နည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာ Josh Kroenke က အာတီတာကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ အတည်ပြုပြောကြားခဲ့ပြီး ၃ နှစ်ခွဲစာချုပ်ဖြင့် ချုပ်ဆိုသွားမယ်လို့  သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အသင်းနည်းပြဟောင်း အူးနှိုင်းအမ်မရီကို ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ယာယီနည်းအဖြစ် ဘရက်ဒီ ယွန်းဘတ်က ကိုင်တွယ်တာဝန်ယူနေပြီး အမြဲတမ်းနည်းပြအဖြစ် အာတီတာကို ခန့်အပ်ဖို့ စီစဉ်ဆောင်ရွတ်လာခြင်း ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြအဖြစ် အာတီတာကို လာမယ့်အပါတ်မှာကစားမယ့် အဲဗာတန်အသင်းနဲ့ ပွဲမတိုင်မီ တရားဝင် ကြေညာသွားမှာ ဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းမှာ ၅ ရာသီကြာကစားထားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလတုန်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေခဲ့ပြီး နည်းပြ အာစင်ဝင်းဂါးကလည်း အဆင့်တစ်ခုရောက်အောင် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် ရုံးကန်နေရတဲ့ အနေအထားတွေကို ရောက်ရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ အဆင့် (၁၀) မှာရပ်တည်နေတာဖြစ်ပြီး လာမယ့်အပါတ်မှာတော့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

 


18 Dec 2019     1,421 Views




RELATED

Most Popular of Football

Most Popular of Sport