BEC-TERO TV

စူပါ ကွန်ပျူတာရဲ့တွက်ချက်မှုအရ လက်ရှိချန်ပီယံ လီဗာပူးလ် (၁၆) သင်းအဆင့်မှာ ထွက်ခဲ့ရ

18 Dec 2019     1,462 Views


ဥရောပချန်ပီယံလိဂ်ပွဲစဉ်များ မဲခွဲပြီးနောက် အသင်း (၃၂) သင်း ၊ ပွဲစဉ် (၁၆) ပွဲထွက်ပေါ်ခဲ့ပြီး အကြိတ်အနယ်ရှိမယ့် ပွဲကြီးပွဲကောင်းများစွာလည်း ပါဝင်ခဲ့ပါတယ်။ ထို့အထဲမှာ ပရီးမီးယားလိဂ် အသင်း (၄) သင်းစလုံး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

TalkSport ရဲ့ ဖော်ပြချက်အရ (၁၆) သင်းအဆင့်ပွဲစဉ်များကို စူပါ ကွန်ပျူတာဖြင့် တွက်ချက်မှုမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ(၁၆) သင်းအဆင့်ကနေ ထွက်ခွာရပြီး အင်္ဂလန်အသင်း တစ်သင်းသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားရဖို့အတွက် အားစိုက်နေတဲ့ မန်စီးတီးအသင်းဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့တွေ့ဆုံခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ အက်သလက်တီကိုအသင်း၊ ချဲလ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း ၊ စပါးအသင်းက လိုက်ဇစ်အသင်းတို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

စူပါ ကွန်ပျူတာရဲ့တွက်ချက်မှုအရမှာ မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အိမ်ကွင်းမှာ (၁-၁) သရေကျခဲ့ပြီး အိမ်ကွင်းမှာ (၃-၁) ဖြင့်အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် (၄-၁) ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက အက်သလက်တီကို အိမ်ကွင်းမှာ (၂-၁) ဖြင့်အနိုင်ရရှိခဲ့သော်လည်း အဝေးကွင်းမှာ (၁-၀) ဖြင့်ရှုံးနိမ့်ခဲ့ပြီး အဝေးဂိုးစည်းမျဉ်းအရ (၂-၂) ထွက်ပေါ်ကာ (၁၆) အသင်းအဆင့်မှာတင် ပြုတ်ကျန်နေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဘိုင်ယန်မြူနစ်အသင်းကို အိမ်ကွင်းမှာ (၁-၂) ဖြင့်ရှုံးနိမ်ခဲ့ပြီး ၊ အဝေးကွင်းမှာ (၂-၀) ဖြင့်ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှာဖြစ်ပါတယ်။ စပါးအသင်းက လိုက်ဇစ်အသင်းကို အိမ်ကွင်းတွင် (၂-၁) ဖြင့်အနိုင်ရပြီး အဝေးကွင်းတွင် (၁-၀) ဖြင့်ရှုံးတာ အဝေးဂိုးစည်းမျဉ်းအရ (၁၆) သင်းအဆင့်မှာတင် ထွက်ခဲ့ရမယ်လို့ တွက်ချက်မှုမှာ ဖော်ပြပါတယ်။

စူပါ ကွန်ပျူတာရဲ့တွက်ချက်မှုအရ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်စီးတီးတစ်သင်းသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကျန်သုံးသင်းဖြစ်တဲ့ ချဲလ်ဆီး ၊ လီဗာပူးလ် ၊ စပါးအသင်းတို့က ပြိုင်ပွဲကနေ ထွက်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စူပါ ကွန်ပျူတာရဲ့ တွက်ချက်မှု မှန်ကန်မှု ရှိ ၊ မရှိ ပွဲစဉ်တွေ အပြီးမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

 

 

 

 

 


18 Dec 2019     1,462 Views




RELATED

Most Popular of Football

Most Popular of Sport