BEC-TERO TV

ပြိုင်ဘက်နည်းပြကတောင် ချီးကျူးခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုး

19 Dec 2019     1,471 Views


မနေ့က ဂျူဗင်တပ်စ်အသင်းက ဆမ်ဒိုရီးယားကို ၂-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်ဒိုဟာ အသင်းအတွက်အနို်ငဂိုးကို လှလှပပ ခေါင်းတိုက်သွင်းဂိုးကနေသွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက်အနိုင်ဂိုးကို အမြင့် ၂.၆ မီတာအထိ ခုန်ခဲ့ပြီး ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးကိုသွင်းယူရာမှာ ရော်နယ်ဒိုဟာ လေထဲ့တွင် ၁.၅ စက္ကန့်လောက်ရှိနေခဲ့ပြီး ပြိုင်ဘက်နောက်ခံလူထက် ပိုမိုမြင့်မားတဲ့ ခုန်အားဖြင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဂိုးဟာ အင်မတန်မှ ခက်ခဲ့တဲ့သွင်းဂိုးတစ်ဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ဖြစ်စေခဲ့ပါတယ်။

ပွဲအပြီးမှာ ဘောလုံးပရိတ်သတ်တွေနဲ့ မီဒီယာတွေက အံ့ဖွယ်သွင်းဂိုးကိုသွင်းယူခဲ့တဲ့  ရော်နယ်ဒိုကို ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက “အသင်းအတွက် နိုင်ပွဲရခဲ့လို ပျော်ရွင်မိပါတယ်။ ဒီပွဲဟာ ခက်ခက်ခဲ့ခဲ့ကစားခဲ့ရပြီး ပြိုင်ဘက် ဆမ်ဒိုးရီးယားအသင်းဟာလည်း အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဒီဂိုးကို သွင်းယူခဲ့ရလို့ ကျေနပ်ခဲ့ရသလို အသင်းအတွက် အနိုင် (၃) မှတ်ရရှိတာကြောင့် ပိုပြီး ပျော်ရွင်စေခဲ့ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါသွင်းဂိုးအတွက် ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီကတောင် အံ့အားသင့်ခဲ့ရပြီး ရော်နယ်ဒိုကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ နည်းပြဆာရီက “ ဒီဂိုးကို သွင်းယူလိုက်ချိန်မှာတော့ သူ့ဘယ်လိုသွင်းယူလိုက်လဲဆိုတာကို ကျွန်တော်တွေးဝေသွားပါတယ်။ တစ်ကယ်ကို လှပတဲ့ သွင်းဂိုးပါ ” လို့ ချီးကျူးခဲ့ပါတယ်။

ပြိုင်ဘက်အသင်းနည်းပြ ရာနီယေးနီကလည်း “ရော်နယ်ဒိုဟာ NBA ဘတ်စကတ်ဘောပွဲထဲ့မှာလိုမျိုး လုပ်ဆောင်ပြနိုင်ခဲ့တာပါ။ သူဟာ လေထဲ့မှာ တစ်နာရီခွဲလောက် အပေါ်ရောက်နေတယ် ” လို့တောင် အလွန်အကျူး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် (၄၂) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာက အင်တာမီလန်အသင်းကို (၃) မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

 


19 Dec 2019     1,471 Views




RELATED

Most Popular of Football

Most Popular of Sport