BEC-TERO TV

တရုတ်နိုင်ငံ၏ နိုင်ငံရေးကို စွက်ဖက်မှုကြောင့် PES 2020 ဂိမ်းမှ ဖယ်ရှားခံလိုက်တဲ့ အိုဇေးလ်

19 Dec 2019     1,695 Views


တရုတ်နိုင်ငံ ၊ ရှင်ကျန်းဒေသရှိ ဝီဂါမွတ်စလင်များနှင့် ပါတ်သတ်ပြီး twitter စာမျက်နှာတွင် ရေးသားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ကို တရုတ်နိုင်ငံတွင်ဖြန့်ချိသည့် FIFA နှင့် Pro Evolution Soccer 2020 ဗီဒီယိုဂိမ်းမှ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

PES ၏မူပိုင်ခွင့်ရရှိထားတဲ့ တရုတ်အခြေစိုက် NetEase ကုမ္ပဏီက အိုဇေးလ်ကိုဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

 NetEase ၏ထုတ်ပြန်ချက်တွင် ဂျာမန်ကစားသမား အိုဇေးလ်ဟာ လူမှုကွန်ရက်စာမျက်နှာတွင် တရုတ်နိုင်ငံနှင့်ပတ်သတ်သော အစွန်းရောက် အကြောင်းအရာကို ရေးသားခဲ့သည့် အတွက်ကြောင့် ငြိမ်းချမ်းစွား အားပေးတဲ့ တရုတ်ပရိတ်သတ်များကို စိတ်အနှောက်ဖြစ်စေခဲ့ကြောင်း ၊ အာကစားစိတ်ဓါတ်ကိုလည်း ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ကြေညာချက်ထုတ်ကာ PES ဂိမ်းကနေ ဖယ်ရှားလိုက်ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အဆိုပါကိစ္စနဲ့ပါတ်သတ်ပြီး နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း တုံပြန့်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်အစိုးရပိုင် ရုပ်သံ CCTV က အာဆင်နယ်အသင်းပွဲစဉ်များကို တရုတ်နိုင်ငံတွင် ပြသမှုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အိုဇေးလ်ဟာ သတင်းတုများ၏ လိမ်လည်လှည့်ဖြားမှုကို ခံခဲ့ရကြောင်း ပြစ်တင်ဝေဖန်ခဲ့တယ်။

 


19 Dec 2019     1,695 Views




RELATED

Most Popular of Football

Most Popular of Sport