BEC-TERO TV

ပွဲအပြီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ El Clasico ပွဲစဉ်

19 Dec 2019     1,415 Views


မနေ့ညက စပိန်လာလီဂါရဲ့ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ နူးကမ့်ကွင်းမှာ ကစားခဲ့ကြပြီး နှစ်ဖက်အသင်း သရေ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ကွင်းပြင်ပမှာ နှစ်သင်းပရိတ်သတ်တချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနှစ်သင်းတွေ့ဆုံမှာမှာ ပရိတ်သတ်တွေလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြပြီး ကွင်းအတွင်းမှာ လုံခြုံရေးတွေလည်း တိုးမြှင့်ချထားရပါတယ်။ သို့သော်လည်း နှစ်ဖက် ပရိတ်သတ်အချို့ ဟာ ပွဲအပြီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေတောင် ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့ရပါတယ်။

 အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် (၁၂) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ ပရိတ်သတ် (၉) ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အရင်တုန်းက သမိုင်းက အက်ကလပ်စီကိုပွဲစဉ်တွေမှာ ကစားသမားချင်းတွေ ခိုက်ရန်ဖြစ်ပွားလေ့ရှိပြီး မနေ့က ပွဲမှာတော့ အေးဆေးစွာပဲ ပြီးဆုံးသွားခဲ့ပါတယ်။

နှစ်ဖက်အသင်းစလုံးဟာ ဂိုးကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် အသုံးမချတာကြောင့် (၀-၀) သရေရလဒ်ထွက်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းဖြစ်ပေမယ့် ပရိတ်သတ်တွေကို စိတ်ကျေနပ်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ  ကံကောင်းလို့သာ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

 


19 Dec 2019     1,415 Views




RELATED

Most Popular of Football

Most Popular of Sport