BEC-TERO TV

ပီအက်စ်ဂျီအသင်းရှုံးနိမ့်ချိန်ဆို ဇနီးဖြစ်သူနဲ့ SEX ကိစ္စတောင် မပြုလုပ်ချင်တဲ့ အိုင်ကာဒီ အကြောင်းကို ဖွင်ဟခဲ့တဲ့ ဝမ်ဒါနာရာ

20 Dec 2019     1,436 Views


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အိုင်ကာဒီဟာ ပီအက်စ်ဂျီအသင်းရှုံးနိမ့်ချိန်ဆို ဇနီးသည်ဖြစ်သူ နဲ့ လိင်ဆက်ဆံမှုတောင် မပြုလုပ်ချင်တဲ့ အကြောင်းကို ဇနီးသည်ဝမ်ဒါနာရာ ကဖွင်ဟ ပြောဆိုသွားခဲ့ပါတယ်။

အိုင်ကာဒီရဲ့ ဇနီးသည်ဝမ်ဒါနာရာ က “ ကျွန်မယောင်္ကျား အိုင်ကာဒီဟာဆိုရင်ဖြင့်လေ ပီအက်စ်ဂျီအသင်းအနိုင်ရရင်တော့ SEX ကိစ္စက အဆင်ပြေချောမွေ့ပေမယ့် အကယ်လို့ အသင်းက ရှုံးနိမ့်လာခဲ့ရင်တော့ ကျွန်မကိုတောင် SEX ကိစ္စလုပ်ဖို့ ငြင်းဆန်ပါတယ်။ ကျွန်မကိုတောင် မျက်နှာချင်းဆိုင် လှည့်မကြည့်တော့ပါဘူး ” အီတလီမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ La Republicca Delle Donne နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လို့ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အိုင်ကာဒီဟာ အင်တာမီလန်အသင်းနည်းပြ ကွန်တီနဲ့ အဆင်မပြေဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အငှားသွားရောက်ကစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ကွန်တီက သူအသင်းကစားသမားတွေ သူတို့ရဲ့ ချစ်သူ ၊ ဇနီးမယားတွေနဲ့ လိင်ဆက်ဆံရာမှာ ကြံခိုင်မှုပိုင်း ထိခိုက်မှုရှိလို့ ကြာကြာမလုပ်သင့် ကြောင်း မှတ်ချက်ကို အင်တာဗျူးမှာ ဝမ်ဒါနာရာကို မေးမြန်းခဲ့ကြပါတယ်။

ဒီမှတ်ချက်အပေါ် ဝမ်ဒါနာရာက " သူဘာကို ပြောလဲဆိုတာကို ကျွန်မမသိပါဘူး။ ကျွန်မယောင်္ကျား အိုင်ကာဒီဟာ အလွန်ကို ပရော်ဖက်ရင်နယ်ပီသူပါ။ ပွဲမကစားမှီမှာ အဲ့ဒီလိုမျိုး မလုပ်ပါဘူး။ ပွဲပြီးပြီဆိုရင်တော့ ကျွန်မနဲ့အတူနေလေ့ရှိပါတယ်။ ပွဲရလဒ်မကောင်းဘူးဆိုရင်တော့ ကျွန်မကို လှည့်တောင်မကြည့်ပါဘူး " လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဝမ်ဒါနာရာဟာ ဆမ်ဒိုးရီးယား ကစားသမားဟောင်း မက်ဆီလိုပက်ရဲ့ ဇနီးသည်ဟောင်း ဖြစ်ပါတယ်။ အခုတော့ မက်ဆီလိုပက်နဲ့ လမ်းခွဲခဲ့ပြီး အိုင်ကာဒီနဲ့ လက်တွဲကာ ကလေးသုံးယောက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အိုင်ကာဒီဟာ ငယ်ရွယ်ပြီး ရုပ်ချောတဲ့အပြင် သူမအတွက် အရေးကြီးဆုံးပါလို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ အိုင်ကာဒီဟာ ယခုလက်ရှိမှာ ပီအက်စ်ဂျီအသင်းတွင် အငှားသွားရောက်ကစားနေပြီး (၁၆) ပွဲကစားထားပြီး (၁၃) ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

Source ; Mirror


20 Dec 2019     1,436 Views




RELATED

Most Popular of Football

Most Popular of Sport