BEC-TERO TV

အဲဗာတန်အသင်းကို လာရောက်ကစားဖွယ်ရှိနေတဲ့ ဇလာတန် အေဗရာဟီမိုဗစ်

20 Dec 2019     1,453 Views


အဲဗာတန်အသင်းဟာ နာမည်ကြီး အီတလီနည်းပြကြီး အန်ဆယ်လော့တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အကယ်လို့သာ အဲဗာတန်အသင်းကို အန်ဆယ်လော့တီ ကိုင်တွယ်ခဲ့ပါက ဆွီဒင် တိုက်စစ်မှူကြီး ဇလာတန် အေဗရာဟီမိုဗစ်ဟာ အဲဗာတန်အသင်းကို လာရောက်ကစားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်ရှိ ဇလာတန် အေဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းက LA Galaxy အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ဥရောပမြေမှာ တဖန် ခြေပြချဖို့ ရည်ရွယနေပါတယ်။ ဇလာတန်ကို အသင်းဟောင်း အေစီမီလန် ၊ နာပိုလီ ၊ ဒေါ့မွန် အသင်းတို့ကလည်း ခေါ်ယူချင်ကြတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတာပါတယ်။

ဇလာတန်ဟာ အန်ဆယ်လော့တီနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူလက်တွဲခဲ့ကြပြီ အန်ဆယ်လော့တီသာ အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့ရင် အဲဗာတန်အသင်းကို ရောက်ရှိနိုင်တယ်လို့ Telegraph သတင်းအရ သိရှိရပါတယ်။

ဇလာတန်ကို ခေါ်ယူရခြင်းအကြောင်းမှာ အဲဗာတန်အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကို လမ်းကြောင်းမှန်ကို ပြသပေးနိုင်တဲ့ လူငယ်လမ်းပြအဖြစ်နဲ့လည်း ရှိစေချင်တဲ့ သဘောဖြစ်ပါတယ်။ အီတလီ ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်တိုင် ကိုင်မြောက်နိုင်အောင် စွမ်းဆာင်ပေးထားနိုင်တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။


20 Dec 2019     1,453 Views




RELATED

Most Popular of Football

Most Popular of Sport