BEC-TERO TV

ဆာလာကို ဘလွန်းဒီအောဆု (၆) ကြိမ်ရရှိထားတဲ့ မက်စီနဲ့ခိုင်းနှိုင်းခဲ့တဲ့ အာဆင်ဝင်းဂါး

20 Dec 2019     1,455 Views


အာဆင်နယ်အသင်းနည်ပြဟောင်း အာစင်ဝင်းဂါးဟာ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလာကို ဘလွန်းဒီအောဆု (၆) ကြိမ်ရရှိထားတဲ့ လီယွန်နယ် မက်စီနဲ့ခိုင်းနှိုင်းခဲ့ပြီး ဆာလာရဲ့ ခြေစွမ်းတွေဟာ မက်စီလိုပဲ ပြည်စုံမှုရှိတယ်လို့ ချီးမွန်းပြောဆိုခဲ့ပါတယ်။

အသက် (၂၇) နှစ်ရှိ အီဂျစ်သား ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစာသမားဆု၊ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ဆုတို့ကို ရရှိခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ (၉) ဂိုးသွင်း (၄) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်းအသင်းဟာ  ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှ လက်စတာအသင်းကို (၁၀) မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေးပန်စားနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

အာစင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက “ဆာလာဟာ ပြည်စုံတဲ့ ကစာသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ တစ်ကယ် Playe Maker ပါပဲ။ ဂိုး ဧရိယာအတွင်းထဲမှာလည်း အခွင့်အရေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မက်စီလိုမျိုး ဂိုးသွင်းသွင်း ၊ ဖန်တီးပေးပါတယ်။ ကျွန်တော်တို့ အားလုံး အားကျစရာကောင်းတဲ့ ကစားသမားပါ ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

ဆာလာဟာ  လီဗာပူးလ်အသင်းမှာ တစ်နှစ်နဲ့တစ်နှစ် ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်လာပြီး နှစ်စဉ်လည်း ဂိုးတွေသွင်း ၊ ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ နောက်နှစ်တွေမှာ မက်စီလိုမျိုး ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဘလွန်းဒီအောကို ရရှိနိုင်မလားဆိုတာကိုတော….


20 Dec 2019     1,455 Views




RELATED

Most Popular of Football

Most Popular of Sport