BEC-TERO TV

လန်ဒန်ဒါဘီ ပွဲစဉ်မှာ လူမျိုးရေး ခွဲခြားခံလိုက်ရတဲ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ

23 Dec 2019     1,384 Views


စူပါဆန်းဒေးရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့  လန်ဒန်ဒါဘီပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပေမယ့် စပါးပရိတ်သတ်တွေရဲ့ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေကြောင့် အကျဉ်းတန်ဆန်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်း ပရိတ်သတ် တချို့ဟာ ရူဒီဂါကို “မျောက်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ” ဝိုင်းအော်ခဲ့ကြပြီ လူမှုရေး ခွဲခြားတဲ့ စကားလုံးတွေနဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။

ဆွန်ဟောင်မင်ကို အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့ပြီးနောက် ရူဒီဂါကို အခုလိုမျိုးလှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဖနောင့်ဖြင့် ရူဒီဂါ ရင်ဝကိုကန်တောက်ခဲ့ကာ ရူဒီဂါဟာ မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါတယ်။ ဒါကို စပါးပရိတ်သတ်တွေက ရူဒီဂါ ဟန်ဆောင်ပိုလွန်းတယ်လို့ ယူဆကာ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပါတ်သတ်ပြီး နည်းပြနည်းပြတွေဖြစ်တဲ့ မော်ရင်ဟိုနဲ့ လမ်ပတ်တို့က ရှုံချခဲ့ကြပါတယ်။

စပါးအသင်းနည်ပြ မော်ရင်ဟိုက “ ကျနော်ပွဲကို အာရုံစိုက်နေတာဖြစ်ပြီး ဖြစ်ခဲ့တဲ့ နေရာနဲ့ အတော်ဝေးကွာပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ လူမျိုးရေး ခွဲခြားတာမျိုးကို သိပ်ကို မုန်းတီးပါတယ်” ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းနည်ပြ လမ်းပတ်က “ ရူဒီဂါက လူမျိုးရေး ခွဲခြားတယ်လို့ ပြောပါတယ်။ ဒီကိစ္စကို တိုနီနဲ့ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပြီး သူဘက်ကနေထောက်ခံပေးပါတယ်။ လူမျိုးရေး ခွဲခြားတာမျိုးက ပြင်းပြင်း ထန်ထန် အရေးယူဖို့လိုပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ ချဲလ်ဆီးအသင်းဟာ စပါးအသင်းကို ၀-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုလိုမျိုး လူမျိုးရေးခွဲခြားတဲ့ အတွက်ကြောင့် စပါးအသင်းဟာ အက်ဖ်အေရဲ့ အရေးယူခြင်းကို ခံသွားရဖို့ ရှိပါတယ်။


23 Dec 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport