BEC-TERO TV

မလိုချင်ခဲ့တဲ့ ဆုတံဆိပ်ကို ရခဲ့တာကြောင့် အလေးအနက်မထားခဲ့တဲ့ စီရော်နယ်ဒို

23 Dec 2019     1,522 Views


မနေ့က Supercoppa Italiana ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်းဟာ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဆိုပါပွဲတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ Supercoppa Italiana ပြိုင်ပွဲ ဆုပေးပွဲတွင် ဒုတိယဆုတံဆိပ်လည်ဆွဲအား ပေးအပ်ခံရပြီး မကြာမီမှာပဲ လည်ပင်းမှ ဆွဲချွတ်ပစ်ခဲ့ပြီး ဆုတံဆိပ်လည်ဆွဲကို လက်ဖြင့်သာ ကိုင်ထားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ လာဇီယိုအသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ကာ Supercoppa Italiana ချန်ပီယံဆုနှင့် လွဲချော်ခဲ့ပြီး ယင်းမှာ စီရော်နယ်ဒိုအတွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ဗိုလ်လုပွဲရှုံးနိမ့်မှုဖြစ်လာပါတယ်။

စီရော်နယ်ဒိုဟာ၂၀၁၃ ခုနှစ်နောက်ပိုင်း ကလပ်နှင့်နိုင်ငံအတွက် ဗိုလ်လုပွဲ(၁၄)ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ(၁၃)ကြိမ်စလုံးတွင် ချန်ပီယံဆု ရယူနိုင်ခဲ့သော်လည်း ယခုတစ်ခါမှာ ရှုံးနိမ့်မှုကြုံတွေခဲ့ရခြင်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိုင်နယ်ပွဲစဉ်များ

2014 Copa del Rey final (Real Madrid)

2014 Champions League final (Real Madrid)

2014 UEFA Super Cup final (Real Madrid)

2014 FIFA Club World Cup final (Real Madrid)

2016 Champions League final (Real Madrid)

UEFA Euro 2016 final (Portugal)

2016 FIFA Club World Cup final (Real Madrid)

2017 Champions League final (Real Madrid)

2017 UEFA Super Cup final (Real Madrid)

2017 Supercopa de Espana (Real Madrid)

2017 FIFA Club World Cup final (Real Madrid)

2018 Champions League final (Real Madrid)

2018 Suppercoppa Italiana (Juventus)

2018-19 UEFA Nations League final (Portugal)


23 Dec 2019     1,522 Views




RELATED

Most Popular of Football

Most Popular of Sport