BEC-TERO TV

သင်မသိသေးတဲ့ Gmail ရဲ့ လျှို့ဝှက်ချက် (၇)ချက်

23 Dec 2019     2,209 Views


ရုံးမှာနေ့တိုင်း Gmail သုံးပြီး အီးမေးတွေ ပို့နေရပါသလား..?

နေ့တိုင်သုံးနေရလို့ Gm​ail ဆိုရင် အရမ်းကျွမ်းနေပြီဆိုတဲ့ သူတွေတောင် သိပ်မသိသေးတဲ့ လျိူဝှက်ချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေအားလုံးကို သိသွားတာနဲ့ အလုပ်လုပ်ရတာ အရင်ကထက်ပိုပြီး မြန်ဆန်လုံခြုံလာမယ်ဆိုတာ အာမခံပါတယ်။ တစ်ခုတော့ရှိပါတယ် အချက်တစ်ချက်ဖက်ပြီးတိုင်း Wow! Amazing! လို့ ထ မအော်မိပါစေနဲ့..။

၁။ ပို့လိုက်တဲ့စာကို တစ်ဖက်ကိုမရောက်ခင် ပြန်တားခြင်း

အီးမေးကို Send နှိပ်ပြီး ပို့ပြီးကာမှ စာထဲမှာ အရေးကြီးတဲ့အကြောင်းအရာ တစ်ခုခုမေ့ခဲ့လို့ ဘာလုပ်ရမှန်မသိ ချေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အခါမျိုးတွေမှာ အသုံးတည့်ပါတယ်။

Gmail ရဲ့ စက်သွားပုံ လေးကို နှိပ်ပြီး Settings ဆိုတာကို ရွေးပါ။

Settings ရောက်ရင်  ‘undo send’ မှာ ပုံမှန် ၅ စက္ကန့်အစား စက္ကန့် ၃၀ လို့ ပြောင်းပေးလိုက်ပါ။

ပို့ပြီးသားစာကို စက္ကန့် ၃၀ အတွင်းမှာ undo နှိပ်ပြီး စိတ်ကြိုက် ပြန်ပြင်၍ ပို့နိုင်ပါပြီ။

 

၂။ ကိုယ့်အီးမေးလ်ကို တစ်ဖက်ကလူ ဖတ်လား မဖတ်လား သိချင်ရင်

ပုံမှန်အားဖြင့် အီးမေးလ်တွေပို့ပြီးတဲ့အခါ တစ်ဖက်လူက ဖတ်လား၊ မဖတ်ဘူးလားဆိုတာကို ကိုယ့်ဘက်က မသိနိုင်ပါဘူး။ သူ့ဘက်က Reply တစ်ခုခုပြန်မှသာ သိရပါတယ်။

အဲဒီလိုမျိုး စောင့်မနေချင်ဘူး Messenger တို့ SMS တို့မှာလို တစ်ဖက်က ဖတ်ပြီးပြီ ဆိုတာကို ထောက်လှမ်းချင်ရင်တော့ ‘mailtrack’ ဆိုတဲ့ extension လေးသာ သွင်းထားလိုက်ပါ။

>> MailTrack

၃။ ကိုယ့်ကိုပြန်မထောက်လှမ်းနိုင်အောင်

နံပါတ် ၂ အချက်ကို ဖတ်ပြီးသွားတဲ့အခါ ငါ့ရဲ့ Gmail ကိုရော သူများတွေက အဲဒီနည်းနဲ့ ထောက်လှမ်းနေရင် ဒုက္ခပါပဲလို့ တွေးမိသွားပြီလား..? ကိစ္စမရှိပါဘူး။

Chrome browser ရဲ့ Extension “uglyEmail” ကိုသာ သွင်းထားလိုက်ပါ။

>> UglyEmail

 

၄။ ကိုယ့်ဆီကို အီးမေးလ်ပို့နေတာ ဘယ်သူလဲ..?

Inbox ထဲကို ရောက်လာတဲ့ အီးမေးလ်ပို့တဲ့သူရဲ့အကြောင်းကို ပိုပြီးသိချင်တယ်ဆိုရင်တော့ Chrome browser ရဲ့ Extension “Clearbit Connet” ကိုသာ သွင်းထားလိုက်ပါ။ FBI တစ်ယောက်လို စုံစမ်းထောက်လှမ်းပေးပါလိမ့်မယ်။

>> Clearbit Connet

၅။ အီမေးလ်ကို အချိန်ဇယားနဲ့ ပေးပို့ခြင်း

ကိုယ်ရေးထားတဲ့ အီးမေးလ်ကို အခုချက်ခြင်းလည်း မပို့ချင်သေးဘူး။ အချိန်လွန်ပြီး ပို့ဖို့မေ့သွားမှာလည်း စိုးရိမ်တယ်ဆိုရင်တော့ ကိုယ့်ပို့စေချင်တဲ့အချိန်မှာ အလိုလျှောက်ပို့နိုင်ဖို့ Schedule ချလို့ ရပါတယ်။

“Boomerag gmail” ကိုသာ သွင်းထားလိုက်ပါ။

>> Boomerag gmail

၆။ အီးမေးကို အလုံခြုံဆုံးပေးပို့ခြင်း

စာထဲမှာ အရမ်းအရေးကြီးတဲ့ လျှို့ဝှက်ရမယ့် အကြောင်းအရာတွေပါနေပြီး ကိုယ့်စာကို တစ်ယောက်ယောက်က ကြားကနေ Hack လုပ်ပြီး ပေါက်ကြားမှာ စိုးရိမ်ရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။

Chrome browser ရဲ့ Extension “streak” က စာတွေကို ဖတ်လို့မရအောင် လုပ်ပစ်တာနဲ့ စာဖွင့်ဖို့အတွက် password ခံတာတွေကိုပါ လုပ်နိုင်ပါတယ်။

>> Streak

 

၇။ မေးလ်ဖတ်ပြီးတာနဲ့ အလိုလိုပျက်

ဒီနောက်ဆုံးတစ်ခုကတော့ Mission Impossible ရုပ်ရှင်ထဲကလိုပဲ စာကို ဖတ်ပြီးတာနဲ့ စက္ကန့် ၆၀ အတွင်း ကိုယ်ကဖျက်စရာမလိုပဲ အလိုလိုပျက်သွားမယ့် နည်းလမ်းဖြစ်ပါတယ်။

Chrome browser ရဲ့ Extension “snapmail” ကို သွင်းထားလိုက်ပါ။

>> snapmail

အခုဆိုရင်တော့ Gamil ကို ပရော်ဖက်ရှင်နယ်ကျကျ သုံးနိုင်သွားမယ်လို့ ထင်ပါတယ်။ အခုအကြောင်းအရာလေးက အများအတွက် အသုံးဝင်တယ်လို့ ယူဆတယ်ဆိုရင် ထပ်ဆင့် ပြန်လည်ဝေမျှပေးပါဦး။


23 Dec 2019     2,209 Views




RELATED

Most Popular of Special or Others

Most Popular of NEWS