BEC-TERO TV

မိခင်ဗဟုသုတနဲလို့ လသားကလေးငယ် အစာနင်ပြီးသေဆုံး

24 Dec 2019     1,636 Views


ကလေးတစ်ယောက် မွေးဖွားလာပြီးချိန်ကနေ ကြီးပြင်းလာတဲ့ထိ ကျန်းကျန်းမာမာနဲ့ စောင့်ရှောက်ဖို့ဆိုတာ မိဘတွေအနေနဲ့ ဗဟုသုတများစွာလိုအပ်ပါတယ်။ ကြားဖူးနားဝတွေ၊ ကိုယ့်စိတ်ကူးတည့်ရာတွေကို အဟုတ်ထင်ပြီး ဗဟုသုတကင်းမဲ့စွာ လျှောက်လုပ်မိတဲ့အတွက် အသက် ၂ လအရွယ် ကလေးငယ်လေး အသက်ရှုလမ်းကြောင်းမှာ အစာနင်ပြီး သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှ အသက် ၂၇ နှစ်အရွယ် ကလေးမိခင်ဟာ အမွှာသမီးလေး နှစ်ယောက်ကို မွေးဖွားထားတာ ၂ လပဲ ရှိပါသေးတယ်။ အဲဒီအသက် ၂ လသား အမွှာကလေး နှစ်ဦးကို ငှက်ပျောသီး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစီ ခွံ့ကျွေးခဲ့ပါတယ်။

နောက်တစ်ရက် မနက်မှာတော့ အမွှာထဲက သမီးအကြီးလေး သေဆုံးနေတာတွေ့ရလို့ ဆေးခန်းကို  ခင်ပွန်းနဲ့အတူ ချက်ခြင်းခေါ်သွားခဲ့ပါတယ်။ ဆေးခန်းက တစ်ဆင့် ရဲတွေကို အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးခြင်းခံရပါတယ်။

ရဲတွေက မေးမြန်စစ်ဆေးရာမှာ တစ်စုံတစ်ရာအမှား ကျူးလွန်ခဲ့တာမရှိကြောင်း တွေ့ရတဲ့အတွက် သေဆုံးရတဲ့အကြောင်းရင်းကို သိရှိရန် ကလေးအလောင်းကို ရင်ခွဲစစ်ဆေးခဲ့ပါတယ်။ ဒီအခါ ကလေးရဲ့လေပြွန်ထဲမှာ ငှက်ပျောသီးဖတ်လေးတွေ တစ်ဆို့နေပြီး အသက်ရှုပိတ်ကာ သေဆုံးခဲ့ရတာဆိုတဲ့ အဖြေကို တွေ့ခဲ့ရပါတယ်။

သရုပ်ဖော်မျှသာ

ငှက်ပျောသီးဟာ အသက် ၆ လအောက် ကလေးတွေအတွက်တော့ အစာမချေနိုင်သေးတဲ့ အစာမာဖြစ်လို့ လုံးဝ မကျွေးသင့်တဲ့ အစာဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ သူမအနေနဲ့ ဒီအကြောင်းတွေကို လုံးဝ မသိပဲ အခုလို ကျွေးခဲ့မိတာဖြစ်တယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။

ရဲအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ‘အဲရစ်စီတီပု’ က မိခင်ဟာ ကလေးနှစ်ဦးကို ည ၈ နာရီလောက်မှာ အိပ်ယာမဝင်ခင် ငှက်ပျောသီး ၂ ဇွန်းစီ ခွံ့ကျွေးခဲ့တယ်လို့ဆိုပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကလေးငယ်တွေကို ဂရုမစိုက်ပဲ ပစ်စလတ်ခတ် ထားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံးဝင်နေပြီး ကလေးသေဆုံးမှုဟာ တစ်ကယ်အစစ်အမှန် မတော်တဆမှု မြောက်ရဲ့လားဆိုတာကို ရဲတွေက သေသေချာချာ ဆွေးနွေးနေကြကြောင်း သိရသည်။


24 Dec 2019     1,636 Views




RELATED

Most Popular of Special or Others

Most Popular of NEWS