BEC-TERO TV

ကန်တေးအပေါ် အဝင်ကြမ်းခဲ့တဲ့ ဒေးဗစ် လူးဝစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီး

30 Dec 2019     1,391 Views


မနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အဝေးကွင်းမှာ လာရောက်ကစားတဲ့ ချဲလ်ဆီးအသင်းဟာ ၂-၁ ဖြင့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဒေးဗစ် လူးဝစ်ဟာ အသင်းဟောင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ လေးစားမှုမရှိတဲ့ လုပ်ရပ်တစ်ခုကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်းမှာ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို အသာရခဲ့ပြီး တိုက်စစ်မှူး အူဘာမီးယန်းရဲ့ သွင်းဂိုးတစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း အချိန်ပို (၅) မိနစ်မှာ ​အာဆင်နယ်နောက်ခံလူ လူးဝစ်ဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တေးကို အဝင်ကြမ်းခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေကို သူကိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါလုပ်ရပ်ဟာ ကွင်းလယ်ဒိုင်ရှေ့တည့်တည့်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒိုင်ဖြစ်သူ Craig Pawson ကမျက်ကွယ်ပြုကာ  အဝါကဒ်ပြားတောင် ပြသခဲ့ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။ဒါပေမယ့် ကန်တေကတော့ ဒိုင်ကို စောဒက တက်ခြင်းမပြုလုပ်ခဲ့ပါဘူး။

မန်ချက်စတာယူနိုက်ကစားသမားဟောင်း ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီ နဗီးကတော့ အဝင်ကြမ်းခဲ့တဲ့ ဒေးဗစ်လူးဝစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး အနီကဒ်ပြားကို ပြသခံရသင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂယ်ရီ နဗီးက “ တော်တော်လေးကို အသိညဏ်မဲ့ ဦးနောက်မရှိတဲ့ လုပ်ရပ်မျိုးလို့ ပြောချင်ပါတယ်။ ဒိနေ့ပွဲမှာ ကစားပုံကောင်းမွန်ခဲ့ပေမယ့် ကန်တေးအပေါ် ကျူးလွန်တဲ့ ပြစ်ဒဏ်ဘောက ရယ်စရာလုပ်ရပ်တစ်ခုပါပဲ…။ စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ တွေ့ဆုံတဲ့ ပွဲမှာ ဆွန်​ဟောင်မင် ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောနဲ့ ခိုင်နှိုင်းခဲ့ပါတယ်။ ”

ဒေးဗစ်လူးဝစ်ဟာ ယခုနှစ်ရာသီအစမှာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို ပေါင် (၈) သန်းဖြင့်ပြောင်းရွေ့သွားတာဖြစ်ပါတယ်။ နည်းပြဟောင်း အမ်မရီနဲ့ လက်ရှိနည်းပြ အာတီတာ ကိုင်တွယ်နေတဲ့ အချိန်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ်ခဲ့သည့်အတွက်ကြောင့် အမှတ်ပေးဇယားအဆင့် (၁၂) နေရာမှာ ရပ်တည်နေပါတယ်။

 

 


30 Dec 2019     1,391 Views




RELATED

Most Popular of Football

Most Popular of Sport