BEC-TERO TV

နှစ်သစ်ကူးမှာ အရက်မူးပြီး ကားမောင်းမည့်သူများအတွက် ခေါင်းတလား အထူးပရိုမိုးရှင်း

30 Dec 2019     2,251 Views


မကြာမီရောက်လာတော့မည့် ၂၀၂၀ နှစ်သစ်ကူးပွဲတော်တွင် မူးယစ်သောက်စားပျော်ပါးပြီး မော်တော်ယာဉ်များကို မဆင်မခြင်မောင်းကြမည့် ယာဉ်မောင်းများကို သတိပေးလိုက်သည့်အနေနဲ့ ခေါင်းတလားရောင်းချသည့် ဆိုင်တစ်ဆိုင်က အထူးပရိုမိုးရှင်းပွဲလေးကို ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင် ခေါက်ရိုင်စီရင်စုမှာ ဖွင့်လှစ်ထားတဲ့ ခေါင်းတလားအရောင်းဆိုင်ရှေ့ ကားလမ်းမနံဘေးမှာ အကမယ် ၃ ဦးက မြူးကြွတဲ့ တေးသွားစည်းချက်​တွေနဲ့အတူ ဆင့်ထပ်ထားတဲ့ ခေါင်းတလားတွေရဲ့ရှေ့မှာ ကပြရင်း လမ်းသွားလမ်းလာတွေနဲ့ အနီးနားပတ်ဝန်းကျင်ကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

ဆိုင်ရှေ့မှာလည်း “အရက်မူးပြီး ကားမောင်းမည့်သူများ အခေါင်းကြိုတင်မှာထားနိုင်ပါတယ်” ဆိုတဲ့ စားသားကို ဆိုင်းဘုတ်အကြီးကြီးပေါ်မှာ ရေးထားပါတယ်။ ဒါ့အပြင် ကားတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေကိုလည်း ဝေငှပေးနေကြပါတယ်။

ခေါင်းတလားဆိုင်ရှင်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် မစ္စတာနတ်တာဝပ် က သူ့ရဲ့မိသားစုနဲ့ ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ယာဉ်အန္တရာယ်လျော့ကျစေရေးအတွက် အဓိကရည်ရွယ်ပြီး အခုကမ်ပိန်းကို လုပ်ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မကြာခင် နှစ်သစ်ကူးအချိန်အခါရောက်တော့မှာ ဖြစ်တဲ့အတွက် ယာဉ်မောင်းတွေအနေနဲ့ သတိပြုဆင်ခြင်နိုင်အောင် ထင်သာမြင်သာတဲ့ ပုံစံနဲ့ ပညာပေးရင်း တစ်ဖက်ကလည်း ဆိုင်ကို ကြော်ငြာတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ် : WorkPointNews


30 Dec 2019     2,251 Views




RELATED

Most Popular of Special or Others

Most Popular of NEWS