BEC-TERO TV

ဘင်္ဂလားဒေ့ရှ်တွင် အအေးလှိုင်းဖြတ် လူ ၅၀ ထက်မနဲသေဆုံး

30 Dec 2019     1,673 Views


၂၀၁၉ မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းကာနီး ရက်ပိုင်းအလို ဒီဇင်ဘာလ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုတ်တရက်အအေးလှိုင်း ဖြတ်သန်းမှုကြောင့် အပူချိန်ရုတ်ချဉ်းလျော့ကျခဲ့သဖြင့် အနဲဆုံး လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရာသီဥတု ဆိုရွားစွာပြောင်းလဲခဲ့တာကြောင့် သြစတြေးလျလိုနိုင်ငံမျိုးတွင် ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ခံနေရချိန်မှာ ဘင်္ဂလားဒေ့ရှ်တွင် အအေးလှိုင်းဖြတ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် စာရင်းအရ အနဲဆုံးလူ ၅၀ သေဆုံးခဲ့သည်။ မှတ်တမ်းအရ အနိမ့်ဆုံး အပူချိန်မှာ ၄.၅ ဒီဂရီစင်တီဂရိတ်ကို ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းရှိ မြို့ငယ်လေးဖြစ်သည့် တီတူလီယာ တွင် တိုင်းတာသိရှိရသည်။

ရာသီဥတုအေးမြခြင်းကြောင့် ကူးစက်ရောဂါတွေ ပျံ့ပွားလွယ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသော ရိုတာဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ကာ ဘင်္ဂလားနိုင်ငံအဝှမ်း ပျံ့နှံ့ခဲ့ပြီး ရောဂါပိုးကူးစက်ခဲ့သူ ၃၃ ဦးတွင် ၁၇ ဦး သေဆုံးခဲ့သည်။

ဒါ့အပြင် ဆေးရုံးများမှာလည်း လူနာတွေနဲ့ ပြည့်နှက်နှေပြီး အများစုမှာ အအေးလှိုင်းဒဏ်ကြောင့် ဖြစ်သော တုပ်ကွေး၊ အရည်ဓာတ်ခမ်းခြောက်ခြင်းနှင့် အဆုပ်ရောင်ရောဂါတွေကို ခံစားနေရကြောင်းသိရသည်။ ဝေဒနာခံစားနေရသူ အများစုမှာ ဝင်ငွေနည်းပါးတဲ့ ဆင်းရဲသားမိသားစုများဖြစ်ပြီး အအေးဒဏ်ကို ကာကွယ်နိုင်ရန် လုံလောက်သည့် အဝတ်အထည်များ မဝယ်ယူနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။


30 Dec 2019     1,673 Views




RELATED

Most Popular of International News

Most Popular of NEWS