BEC-TERO TV

၂၀၁၉ Globe Soccer Awards တွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ စီရော်နယ်ဒို

30 Dec 2019     1,404 Views


ယူအေအီးနိုင်ငံ ၊ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်တဲ့ ၂၀၁၉ Globe Soccer Awards အခမ်းအနားတွင် ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ယင်းဆုကို ၂၀၁၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး (၉) နှစ်အတွင်း စီရော်နယ်ဒိုက (၆) ကြိမ်မြောက် ၊ နောက်ဆုံး (၄) ကြိမ်ဆက်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ယခု ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးဆု(၃)ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး  နည်းပြဆုကို ဂျာဂျင်ကလော့၊ ဂိုးသမားဆု အလီဆင် ဘက်ကာ ၊ နှင့် အသင်းဆုများကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဆုပေးပွဲကို တစ်ဦးတစ်ယောက်မှ တစ်ယောက်မှ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

အသက်(၂၁)နှစ်အောက် ကစားသမားများကိုသာ ရွေးချယ်ချီးမြှင့်သည့် အတိုးတက်ဆုံးဆုကိုမူ အက်သလက်တီ ကိုအသင်းမှ ပေါ်တူဂီတောင်ပံကစားသမား ယာအိုဖီးလစ်က ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုကို ရရှိခဲ့တဲ့ ရော်နယ်ဒိုက “ ဒီမှာရှိတဲ့ မိတ်ဆွေ ၊ အပေါင်းအသင်းတွေ ၊ ဆုပေးပွဲမှာ ရှိတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေရာလေးဟာ ခရီးသွားလို့ ကောင်းတဲ့နေရာလေးဖြစ်ပြီး ကျနော် နှစ်တိုင်းရောက်ဖြစ်ပါတယ်။ ဒီဆုကို ရရှိလို့ ပျော်ရွင်မိပါတယ်။ နောင်နှစ်မှာလည်း ဒီဆုကို ထပ်မံရရှိဖို့ မျော်လင်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါဆုချီးမြှင့်ပွဲကို ဥရောပကစားသမားအေးဂျင့်များ အဖွဲ့အစည်း(EFPA)နှင့် ဥရောပကလပ် အသင်းအဖွဲ့အစည်း (ECA)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

 


30 Dec 2019     1,404 Views




RELATED

Most Popular of Football

Most Popular of Sport