BEC-TERO TV

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးရက်မတိုင်မှီ လူပေါင်း (၁၀၀) ကျော်သေဆုံး

30 Dec 2019     1,642 Views


၂၀၁၉ ကုန်ဆုံးပြီး ၂၀၂၀ နှစ်သစ်ကို စတင်ဖို့အတွက် တစ်ရက်ခန့်သာ လိုတော့တာဖြစ်ပါတယ်။ နှစ်သစ်ကူးပြောင်းချိန်မှာဆိုရင် နိုင်ငံတိုင်းလိုလို ပျော်ပွဲရွင်ပွဲတွေနဲ့ စည်းစည်းကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ နှစ်သစ်ကိုကြိုဆိုကြတာပဲ ဖြစ်ပါတယ်။ နှစ်သစ်ကို ကြိုဆိုရာမှာ ဘေးရန်မခဘဲ ကောင်းမွန်စွာ ပျော်ပျော်ရွင်ရွင် ကူးပြောင်းနိုင်ဖို့လည်း အရေးကြီးပါတယ်။

နှစ်မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေမတိုင်ခင်မှာ ယာဉ်မတော်မဆမှုကြောင့် လူပါင်း (၁၀၉) ဦး သေဆုံးခဲ့ပြီး အယောက် (၉၉၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သစ်မှာ ပျော်ပွဲရွင်ပွဲတွေကြောင့် သေဆုံး ၊ ဒဏ်ရာရသတင်းတွေလည်း နှစ်တိုင်းကြားနေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေ နှစ်သစ်ကူး အကြိုရုံးပိတ်ရက်အတွင်းမှာတင် မတော်မဆမှု (၅၁၀) မှုဖြစ်ပွားခဲ့ပြီး လူပေါင်း (၆၆) ကျော်သေဆုံးခဲ့ကာ  (၅၂၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့  ပို့ဆောင်ရေးဌာနရဲ့ အတွင်းရေးမှူး Anon Lueangboribon, ပြောကြားချက်အရ သိရပါတယ်။

၃၅.၅ % ခန့်က အရက်သောက်ပြီး မောင်းတဲ့ယာဉ်မောင်းတွေကြောင့် ဖြစ်ခဲ့တာဖြစ်ပြီး ၃၀% က မြင်မားတဲ့ အရှိန်နဲ့မောင်းနှင်မှုကြောင့် ​ဖြစ်တယ်လို့သိရပါတယ်။ ၆၄.၆% ခန့်ကတော့ ဆိုင်ကယ်မတော်မဆမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နှစ်ရက်ခန့်က နှစ်သစ်ကူးအားလပ်ရက်အတွင်း ထိုင်းနိုင်ငံမှ အများပြည်သူတွေဟာ နေရပ်သို့ပြန်သူတွေရော ၊ ခရီးသွားတဲ့သူတွေရော များပြားခဲ့ပါတယ်။ ဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ  ဖြစ်ပေါ်ကာ အခုလို့ ယာဉ်မတော်မဆမှုတွေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ အများပြည်သူအပေါင်းလည်း နှစ်သစ်မှာ သတိလေးနဲ့ ဆင်ခြင်ပြီး ပျော်ရွင်နိုင်ကြပါစေ။

Ref ; bangkokpost


30 Dec 2019     1,642 Views




RELATED

Most Popular of International News

Most Popular of Sport