BEC-TERO TV

မီးပွိုင့်မိနေစဉ် ကြော်ငြာဆိုင်းဘုတ်ကျိုးကျပြီး ဆိုင်ကယ်တက္ကစီသမား သေဆုံး

30 Dec 2019     1,942 Views


ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနောက်ဘက်ပိုင်း ချန်ကရန်စီရင်စုရှိ ဒန်မိုဂေါ့လမ်းမကြီးပေါ်တွင် မီးပွိုင့် မီးနေသဖြင့် ရပ်စောင့်နေသော ဆိုင်ကယ်တက္ကစီသမားတစ်ဦးပေါ်သို့ ဘီလ်ဘုတ်ကြော်ငြာဆိုင်းဘုတ်ကြီး ကျိုးကျခဲ့မှုဖြစ်ပွားခဲ့သည်။

ဂျကာတာမြို့အနောက်ပိုင်း မီးသတ်နှင့်ကယ်ဆယ်ရေးသမားများ၏ အဆိုအရ ယင်းအချိန်တွင် မိုးများသည်းထန်စွာရွာသွန်းနေသဖြင့် ဆိုင်းဘုတ်ကျိုးကျခဲ့ခြင်းဖြစ်ပြီး အသက် ၄၇ နှစ်အရွယ် အနောက်ဂျာဗားပြည်နယ်မှ ဆိုင်ကယ်တက္ကစီသမား ‘ရတ်စ်လီယန်တို’ ပေါ်သို့ ပြုတ်ကျခဲ့ပြီး နေရာတင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ‘ရတ်စ်လီယန်တို’ က သူ၏ တူမဖြစ်သူအား သွားကြိုရန် မောင်နှင်းလာစဉ် လမ်းမှာ ဆိုင်းဘုတ်ပိကာ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ‘အီကိုဆူမာနို’ က ပြောကြားခဲ့သည်။

ကြော်ငြာဆိုင်းဘုတ်ကျိုးကျခဲ့ရခြင်းမှာ ထောက်တိုင်များပျက်ဆီးယိုယွင်းလာခြင်းကြောင့်ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လခန့်ကတည်းက ဒေသခံတွေက ထောက်တိုင်တွေ သံချေးတက်နေပြီး အချိန်မရွေး ကျိုးကျနိုင်ကြောင်း တိုင်ကြားထားတာရှိပေမယ့် ဒီကိစ္စနဲ့ပက်သက်ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ချန်ကရန်ရဲဌါနမှ အကြီးအကဲဖြစ်သူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။


30 Dec 2019     1,942 Views




RELATED

Most Popular of International News

Most Popular of NEWS