BEC-TERO TV

ဆံပင်ဖြူ၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်သူတွေအတွက် အစွမ်းထက်တိုင်းရင်းဆေးနည်း

30 Dec 2019     2,836 Views


အရွယ်မတိုင်ခင် ဆံပင်တွေဖြူ ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေသူတွေအတွက် အစွမ်းထက်မြန့်မာ့တိုင်းရင်းဆေးနည်းလမ်းက ဘေးဥပါဒ်အန္တရာယ်ကင်းကင်းနဲ့ သက်သာပျောက်ကင်းစေပါလိမ့်မယ်။

ငှက်ပျောပင်ဆေးနည်း

ငှက်ပျောပင် သို့မဟုတ် ငှက်ပျောလက်ကို ဓါးဖြင့်ခုတ်ပြီး ကျလာတဲ့ အရည်များကို ခွက်သန့်သန့်ဖြင့် ခံထားပါ။ ခေါင်းလျှော်ပြီးနောက် ထိုအရေများကို ဦးရေပြားထိအောင် ခေါင်းအနှံ့သုတ်လိမ်းပေးပါ။ အခြောက်ခံထားပြီး ၃ ရက်ကြာမှ ခေါင်းလျှော်ပါ။

ဤနည်းအတိုင်း မကြာခဏပြုလုပ်ပေးပါက ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်းခြင်းများကို သက်သာစေနိုင်ပါသည်။

 

ပျားရည်ဆေးနည်း

ပျားရည်စစ်စစ်ကို အိုးတစ်လုံးထဲထည့်ကာ ပြာဖြစ်သွားအောင် အပူပေးပါ (ပြာချသည်ဟုခေါ်သည်)။ ရလာသော ပြာကို အုန်းဆီစစ်စစ်နဲ့ရောပြီး ဆံပင်ကျွတ်သည့်နေရာတစ်ဝိုက် စိမ့်ဝင်နေအောင် လိမ်းပေးပါ။

အချိန် ၃ လခန့် မှန်မှန်လိမ်းပေးပါက ဆံပင်ကျွတ်သည့်နေရာတွင် ဆံပင်များ ပြန်ပေါက်လာသည်ကို ထူးခြားစွာ တွေ့ရပါလိမ့်မည်။

 

မှတ်ချက်။  ။ ရောဂါ၏ အနုအရင့် အခြေအနေအလိုက် တိုင်းရင်းဆေးနည်းများကို သုံးစွဲရန် သင့်/မသင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုပါရစေ။


30 Dec 2019     2,836 Views




RELATED

Most Popular of Health Fix

Most Popular of Life Style