BEC-TERO TV

စာခိုးချလို့ အပြစ်ပေးခံလိုက်ရတဲ့ မော်ရင်ဟို

02 Jan 2020     1,499 Views


ပွဲတစ်ပွဲပြီးရင် အထူးအဆန်းအပြုအမှု ၊ အထူးအဆန်းစကားတွေ အမြဲဆိုတတ်တဲ့ ပေါ်တူဂီသား မော်ရင်ဟိုဟာ အခုလည်း ဆောက်သမ်တန်နဲ့ပွဲမှာ သူရဲ့ လုပ်ဆောင်ပုံတစ်ခုကြောင့် မီဒီယာတွေအထက်မှာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိ စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ မနေ့က ဆောက်သမ်တန်နဲ့ပွဲ ပွဲချိန် (၇၆) မိနစ်မှာ ပြိုင်ဖက်အသင် အရံခုံတန်းအထိသွားရောက်ပြီး နည်းစနစ်ဆိုင်ရာအချက်အလက်တွေကို သွားရောက်ထောက်လှမ်းခဲ့ပါတယ်။

ဒါကြောင့် ကွင်းလယ်ဒိုင် မိုက်ဒင်းဟာ ကန်သတ်ထားတဲ့ အခြားပြိုင်ဖက် နယ်မြေထဲ့ကို ဝင်ရောက်ခဲ့တဲ့ မော်ရင်ဟို အဝါကဒ်ပြားပြ သတိပေးမှု ပြုလုပ်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်အသင်းဟာ ပွဲချိန် ၁၇ မိနစ်မှာ တိုက်စစ်မှူး ဒန်နီအင့်ရဲ့ သွင်းဂိုးနဲ့  ပွဲချိန်ပြည့်အထိ အနိုင်ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ တိုက်စစ်မြင့် ကစားခဲ့ပေမယ့် ဆောက်သမ်တန်ခံစစ်ဟာ အမှားအယွင်းမရှိ  ကျစ်ကျစ်လစ်လစ်နဲ့ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မောင်ရင်ဟိုဟာ သူအသင်း ချေပဂိုးရရှိဖို့အတွက် များစွာပြင်ဆင်ပေမယ့် ဂိုးမရရှိတာကြောင့် တစ်ဖက်အသင်း အရံခုံတန်းအထိသွားရောက်ပြီး နည်းစနစ်ဆိုင်ရာများကို သွားရောက်ကြည့်ရူခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ မော်ရင်ဟိုက “ ဒီအဝါကတ်ပြားက မျှတပါတယ်၊ ဘာလို့လည်းဆိုတော့ ကျွန်တော့်အပြုအမူက ရိုင်းပျခဲ့လို့ပါ” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

စပါးအနေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဆောက်သမ်တန်ရဲ့ အိမ်ကွင်းခြေစွမ်းကောင်းမွန်မှုကြောင့် နှစ်သစ်အစမှာပဲ ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။

 

 

 


02 Jan 2020     1,499 Views




RELATED

Most Popular of Football

Most Popular of Sport