BEC-TERO TV

အမျိုးသမီးတစ်ဦး၏ လက်ကို ပုတ်ချခဲ့သည့်အတွက် ပုပ်ရဟန်းမင်းကြီး ပြန်လည်တောင်းပန်

02 Jan 2020     1,873 Views


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့ စိန်ပီတာ ရင်ပြင်မှာ  ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကို ဝတ်ပြုသူတွေ အများအပြားလာရောက်ဝတ်ပြုခဲ့ကြပါတယ်။

အဆိုပါ ဝတ်ပြုပွဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ဝတ်ပြုလာသူတွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး  အပြန်မှာ အမျိုးသမီးတစ်ဦးဟာ ဖရန်ဆစ်ကို လက်ကို လှမ်းကိုင်ပြီး အတင်းဆွဲခဲ့ဖို့ ကြိုးစားခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အဆိုပါ အမျိုးသမီးရဲ့ လက်ကိုအတင်းပုတ်ချခဲ့ပါတယ်။

အဆိုပါ အပြုအမှုနဲ့ပါတ်သတ်ပြီး  အမျိုးသမီးတစ်ဦးရဲ့ လက်ကို ရိုက်ခဲ့မိတဲ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က အခုလ ၁ ရက်နေ့မှာ ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက  “ချစ်ခြင်းမေတ္တာဟာ စိတ်ရှည်းသည်းခံစေပါတယ်။ ဒါပေမယ့် သည်းခံမှုတွေဟာ ခဏတာမှာ ပျောက်ကွယ်သွားပါတယ်။ ကျွန်ုပ်အပါအဝင်ပေါ့။ မနေ့က ဖြစ်ခဲ့တဲ့ ဆိုးရွှားတဲ့ အပြုအမှု ဥပမယ်အတွက် တောင်းပန်ပါတယ် ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။


02 Jan 2020     1,873 Views




RELATED

Most Popular of International News

Most Popular of Sport