BEC-TERO TV

ဆေးရုံတက်နေရတာတောင် အလှမပျက်တဲ့ ‘အင်ဖလူရန်ဇာ’မမ

02 Jan 2020     3,086 Views


ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတော့ မင်းသားမင်သမီးတွေနဲ့အပြိုင် ‘အင်ဖလူရန်ဇာ’(Influencer) ဆိုတဲ့ ကြားအလွှာတစ်ခု ပေါ်လာပြန်ပါတယ်။ သူတို့မှာလည်း အခိုင်အမာပရိသတ်တွေရှိကြတာမို့ အွန်လိုင်းပေါ်မှာတော့ မင်းသားမင်းသမီးတွေထက်တောင် လူတွေစိတ်ဝင်နိုင်တဲ့ လှုပ်ရှားမှုတွေ၊ အဖြစ်အပျက်တွေကို အချိန်နဲ့ တပြေးညီ တင်နိုင်ကြသူတွေပါ။

လတ်တလောမှာတော့ ဗီယက်နမ်နိုင်ငံက ‘Wangmei’ ဆိုတဲ့ အင်ဖလူရန်ဇာမလေးတစ်ယောက် ဆေးရုံတက်နေရတဲ့ ဓါတ်ပုံက အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။ ဆေးရုံတက်ရတဲ့ အကြောင်းရင်းကို အတိကျမသိရပေမယ့် အောက်ဆီဂျင်ပိုက်တွေ စက်တွေ တပ်ထားရတဲ့အခြေအနေမှာတောင် ပွဲလမ်းသဘင်အခမ်းအနားတက်သလို မိတ်ကပ်အပြည့်နဲ့ ဖြစ်နေတာကြောင့် ဝေဖန်ခံနေရတာပါ။

ဒီဓါတ်ပုံကို ‘Wangmei’ သူမရဲ့ဖေ့စ်ဘွခ်မှာ တင်ထားခဲ့ပြီး “ဒီနေ့ကျွန်မချစ်ချစ် လာမှာမို့ပါ” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ချစ်သူကို နေမကောင်းဖြစ်လို့ မသာမယာဖြစ်နေတဲ့ မျက်နှာကို မမြင်စေလိုတာကြောင့် ဆေးရုံပေါ်မှာ ချက်ခြင်းပဲ မိတ်ကပ်တွေထလိမ်း ပြင်ဆင်ချယ်သပြီး ချစ်သူအလာကို မင်းသမီးလေးလို စောင့်နေခဲ့တာဖြစ်ပါတယ်။

ဒီဓါတ်ပုံရဲ့အောက်မှာတော့ “ရုပ်ကနေမကောင်းတဲ့ပုံတစ်စက်မှမပေါက်ဘူး” “ဪမတ်မတ်ရယ် အောက်ဆီဂျင်ပိုက်တန်းလန်းကြီးနဲ့တောင် ဖူးမိတ်ကတ်နဲ့နော်” “ဒါသက်သက် အတန်းရှင်းယူတာ” စသည်ဖြင့် ဝေဖန်ပြောဆိုရေးသားသူတွေရှိသလို သူမဘက်ကနေ ကာကွယ်ပြောဆိုကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ကမ္ဘာကျော်သွားပါပြီ။


02 Jan 2020     3,086 Views




RELATED

Most Popular of Special or Others

Most Popular of NEWS