BEC-TERO TV

လေကြောင်းမှတိုက်ခိုက်ခံရပြီး အီရန်ဒုတိယအာဏာအရှိဆုံး ဗိုလ်ချုပ်ကြီးသေဆုံး

03 Jan 2020     1,747 Views


ဘတ်ဂဒက်လေဆိပ်ကို အမေရိကန်တို့က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အိရန်နိုင်ငံ၏ ဒုတိယသြဇာအာဏာအကြီးဆုံး ဗိုလ်ချုပ်ကြီး မေဂျာဂျန်နရယ် ‘ကတ်ဆန်ဆိုလာမာနီ’ ကျဆုံးခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဘတ်ဂဒက်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်တို့က လက်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ကတ်ဆန်ဆိုလာမာနီ ဟာ သူ၏အစောင့်အရှောက်ယာဉ်တန်းနဲ့အတူ ဘတ်ဂဒက်လေဆိပ်သို့ လာစဉ် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီး မီးလောင်ပျက်ဆီးနေသော ကားအပိုင်းအစများကို ဓါတ်ပုံများတွင်တွေ့ရသည်။

ယခုကဲ့သို့ အီရန်နိုင်ငံ၏ အရေးပါသော ထိပ်တန်းခေါင်းဆောင်တစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံးမှုဟာ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား စစ်ရေးအရတင်းမာမှုတွေ ဖြစ်လာဖွယ်ရရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးဆိုလာမာနီ ဟာ အီရတ်နဲ့အနီးဝန်ကျင်မှာရှိတဲ့ အမေရိကန်သံတမန်အရေး ဆောင်ရွက်နေသူတွေကို တိုက်ခိုက်ဖို့အတွက် အကွက်ကျကျစီစဉ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီးဆိုလာမာနီ နဲ့ သူ့ရဲ့အဖွဲ့တွေဟာ ရာနဲ့ချီတဲ့အမေရိကန်တွေနဲ့ အစိုးရနဲ့လက်တွဲလုပ်ဆောင်နေသူတွေ သေဆုံးခဲ့ရမှုမှာ တာဝန်အပြည့်ရှိသူတွေဖြစ်ကြောင်း၊ အီရတ်အခြေစိုက် အမေရိကန်အစိုးရနဲ့ လက်တွဲလုပ်ဆောင်နေသူတွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့က အဖြစ်အပျက်အပါအဝင် လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စတင်တိုက်ခိုက်မှဒတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိခဲ့ကြောင်း၊ ဒါ့အပြင် ဘတ်ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးခဲ့သူဖြစ်ကြောင်း အမေရိကန်စစ်ဌါနချုပ် ပန်တဂွန်က ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်တို့ရဲ့ အနာဂါတ်တိုက်ခိုက်ရေး အစီစဉ်တွေကို ဟန့်တားတာဖြစ်ပြီး အမေရိကန်တို့အနေနဲ့ ကမ္ဘာကြီးရဲ့မည်သည့်နေရာမှာရှိနေတဲ့ ကိုယ့်လူမျိုးကိုမဆို လိုအပ်သလို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။ အခုလိုတိုက်ခိုက်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခွင့်ပြုမိန့်ရထားပြီးကြောင်း ကာကွယ်ရေးဌါနက ပြောကြားခဲ့ပါတယ်။


03 Jan 2020     1,747 Views




RELATED

Most Popular of International News

Most Popular of NEWS