BEC-TERO TV

ထရမ့်ကို သတ်ပစ်ရုံလောက်နဲ့ လက်တုံ့ပြန်မှု မလုံလောက်ဟု အီရန်ခေါင်းဆောင်ပြောကြား

07 Jan 2020     1,713 Views


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို သတ်ပစ်ရုံလောက်မျှနဲ့ ဗိုလ်ချုပ်ကြီးကတ်ဆန်ဆိုလာမာနီ လုပ်ကြံခံရမှုအပေါ် လက်စားချေမှု မလုံလောက်သေးပဲ အမေရိကန်များကို ဒေသတစ်ခွင်လုံးမှ မောင်းထုတ်ရမည်ဟု အီရန်နိုင်ငံရဲ့ လေတပ်အကြီးအကဲ အာမီရာအလီဟာဂျီဇဒတ် က ပြောကြားလိုက်ပါတယ်။

အာဇာနည်ကြီး ဆိုလာမာနီ အတွက် လက်စားချေမှုမှာ ထရမ့်ကို သတ်ပစ်ရုံနဲ့ မလုံလောက်သေးပါဘူး၊ အာဇာနည်အတွက် သွေးကြွေးဆပ်ဖို့ဆိုရင် အမေရိကန်တွေကို ဒေသတွင်းကနေ ကုန်စင်အောင် မောင်းထုတ်ပစ်ရပါမယ်” ဟု ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အီရတ်ပါလီမန်မှာ ဝန်ကြီးချုပ်က နိုင်ငံခြားစစ်တပ်တွေကို နိုင်ငံထဲကနေထွက်ခွာဖို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အီရတ်ရဲ့ မဲရလာဒ်တွေကို ရည်ညွှန်းပြီး ထရမ့်အနေနဲ့ နယ်မြေဒေသတစ်ခုလုံးမှာ ဘာတွေဖြစ်လာမလဲဆိုတာကို မြင်တွေ့စေရမယ်” လို့ အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီ က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ အမေရိကန်စစ်တပ်အနေနဲ့ ပစ်မှတ် ၅၂ နေရာကို အကွက််ချစီစဉ်ထားပြီး ဖြစ်ကြောင်း၊ ဒီအရေအတွက်ဟာ အီရန်တော်လှန်ရေးနောက်ပိုင်းကာလမှာ ၄၄၄ ရက်ကြာ ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေရဲ့ အရေအတွက်အတိုင်းပဲ ဖြစ်တယ်လို့ဆိုပါတယ်။

ယူနိုက်တက်စတိတ်အနေနဲ့ စစ်လက်နက်ပစ္စည်းတပ်ဆင်ရေးမှာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ကို သုံးထားပြီးကာစလေးဖြစ်တယ်။ ငါတို့စစ်တပ်က အခုချိန်ထိ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အကောင်းဆုံးပဲ! အကယ်၍ အီရန်က အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်လာမယ်ဆိုရင် ဒါမှမဟုတ် မည်သည့်အမေရိကန်ကိုမဆို ထိပါးလာမယ်ဆိုရင်၊ အသစ်စက်စက် အလန်းစာလက်နက်တွေကို လွှတ်ပေးလိုက်မယ်.. လုံးဝ တုံ့ဆိုင်းနေမှာမဟုတ်ဘူး” လို့ ၂၀၂၀ ဇန်နဝါရီ ၅ ရက်နေ့က သူ့ရဲ့ တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။


07 Jan 2020     1,713 Views




RELATED

Most Popular of International News

Most Popular of NEWS