၂၀၂၀ နှစ်သစ်အစမှာ ဟက်ထရစ်သွင်းဂိုးနဲ့ စတင်လိုက်တဲ့ စီရော်နယ်ဒို
07 Jan 2020 2,000 Views

မနေ့ညက ကယ်ဂလီယာရီ အသင်းနဲ့ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီရီးအေ တို့မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွား နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပြီး ဝေဖန်သံတွေ ကြားခဲ့ရပေမယ့် ၂၀၂၀ ရဲ့ နှစ်သစ်မှာ ဟက်ထရစ်သွင်းဂိုးနဲ့ စတင်လိုက်ပြီး သူရဲ့ စီးရီးအေ သွင်းဂိုးဟာ (၁၃) ဂိုးအထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။
.jpg)
ရော်နယ်ဒိုဟာ သူရဲ့ ကစားသမားဘဝမှာ ဟက်ထရစ်အကြိမ်ရေ ၅၆ ကြိမ်အထိရှိခဲ့ပါတယ်။ ကလပ်ကစားသမားဘဝမှာ ၄၇ ကြိမ်နဲ့ ပေါ်တူဂီအသင်းအတွက် ၉ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှတော့ ဂျူဗင်တပ်စ်အသင်းဟာ ကယ်ဂလီယာရီ အသင်းကို ၄-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး ရမှတ် ၄၅ မှတ်နဲ့ အင်တာမီလန်အသင်းကို ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။






