BEC-TERO TV

မန်ယူကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ၃ နှစ်ဆက်တက်ရောက်ဖို့ အခြေအနေကောင်းခဲ့တဲ့ မန်စီးတီး

08 Jan 2020     3,212 Views


မနေ့ကကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီ လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ယူအသင်းအသင်းကို အဝေးကွင်းမှာ (၃-၁) ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲကို ၃ နှစ်ဆက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ လာရောက်ကစားရတာဖြစ်ပေမယ့် မန်ယူအသင်းကို အသားစီးနဲ့ ကစားထားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်နဲ အနိုင်ရရှိခဲ့ပါတယ်။  မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၇) မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက ဧရိယာအပြင်ကနေ လှလှပပကန်သွင်းယူကာ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ထို့နောက် ပွဲချိန် (၃၃) မိနစ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ အကွက်ကျကျ မျောထိုးပေးရကာနေ မာရက်က ဂိုးသမား ဒီဂီယာကို လိမ်ခေါက်ကာ ဒုတိယမြောက်သွင်းဂိုး ရယူခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် တတိယမြောက်သွင်းဂိုးကို မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား ရဲ့ ကန်သွင်းချက်ကနေ ဂိုးသမား ဒီဂီယားက ဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို ပါရဲယားနဲ့ထိမိကာ Own Goal ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက မာရှယ်ကို ထည့်သွင်းပြီး ချေပဂိုးတွေ ရရှိဖို့ ပြန်လည် ပြင်ဆင်လာခဲ့ပေမယ့် ပွဲချိန် မိနစ် (၇၀) မှာသွင်းယူခဲ့တဲ့ ရက်ဖို့စ် ရဲ့ ချေပဂိုး (၁) ဂိုးသာရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လိဂ်ဖလားကို နောက်ဆုံး (၂)နှစ်ဆက်တိုက် ရယူထားတဲ့ အသင်းဖြစ်ပြီး ၃ နှစ်ဆက် ဖိုင်နယ်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

မန်စီးတီး တောင်ပံကစားသမား မာရက်ဟာ မန်စီးတီးအတွက် ဒီရာသီမှာ (၁၉) ပွဲပါဝင်ကစားထားပြီး ဂိုးပါဝင်ပတ်သက်မှု (၁၅)ဂိုး(၆ ဂိုးသွင်း၊ ၉ ဂိုးဖန်တီး)အထိ ရှိခဲ့ပါတယ်။

 


08 Jan 2020     3,212 Views




RELATED

Most Popular of Football

Most Popular of Sport