BEC-TERO TV

အီရန်တိုက်ခိုက်မှုအပြီး လိုအပ်တဲ့ မည်သည့်တုံ့ပြန်မှုကိုမဆိုလုပ်ရန် သြစတြေးလျဝန်ကြီးချုပ် အမိန့်ထုတ်

08 Jan 2020     1,971 Views


အီရန်တို့က အီရတ်မှာရှိတဲ့ အမေရိကန်စစ်ခြေစိုက်စခန်းနဲ့ မဟာမိတ်စခန်းတို့ကို ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် သြစတြေးလျဝန်ကြီးချုပ် စကော့တ်မောရစ်ဆန် က လိုအပ်တဲ့ မည်သည့်တုံ့ပြန်မျိုးကိုမဆို လုပ်ဆောင်ဖို့ သသြစတြေးလျစစ်တပ်ကို အမိန့်ထုတ်ပြန်လိုက်ပါတယ်။

Mr.Scott Morrison (Australia PM)

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အီရန်ထိပ်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးကတ်ဆန်ဆိုလာမာနီ ကျဆုံးခဲ့ရတဲ့အပေါ် အီရန်တို့က လက်တုံ့ပြန်သည့်အနေနဲ့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက အိရတ်မှာရှိတဲ့ အမေရိကန်စစ်အေခြစိုက် စခန်းနှစ်ခုကို ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုမှာ သြစတြေးလျတပ်သားများ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပေမယ့် သြစတြေးလျဝန်ကြီးချုပ်က စစ်တပ်ကို လိုအပ်ပါက မည်သည့်တုံ့ပြန်မှုကိုမဆို ပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။

လတ်တလောတွင် ISIS နှိပ်နှင်းရေး အိုကရာစစ်ဆင်ရေးအတွက် အီရတ်နှင့် ဆီးရီးယားတို့မှာ သြစတြေးလျတပ်သား ၄၅၀၀ ဝန်းကျင်ရောက်ရှိနေပြီး အများစုမှာ ဘတ်ဂဒတ်ရှိ တာဂျီအခြေစိုက်စခန်းတွင် ရှိနေကြသည်။

“တာဂျီမှာရှိတဲ့ သြစတြေးလျအဖွဲ့တွေနဲ့ အခြားနေရာမှာရှိတဲ့ အဖွဲ့တွေအပြင် သံတမန်အဖွဲ့သားတွေအားလုံးအတွက် အဓိကအချက်က လုံခြုံမှုရှိဖို့ပါပဲ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ သြစတြေးလျတပ်တွေကို အီရတ်ကနေ ပြန်လည်ဆုတ်ခွာဖို့ ညွှန်ကြားထားခြင်းမရှိပါဘူး ဒါပေမယ့် လိုအပ်ပါက မည့်သည့်တုံ့ပြန်မှုမျိုးကိုမဆို လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။


08 Jan 2020     1,971 Views




RELATED

Most Popular of International News

Most Popular of NEWS