BEC-TERO TV

တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာ အီရန်တွင် ခရီးသည်တင်လေယာဉ်ပျက်ကျ လူ ၁၈၀ ဦး သေဆုံး

08 Jan 2020     1,829 Views


အီရန်တို့က အမေရိကန်စစ်အခြေစိုက် စခန်းနှစ်ခုကို ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်းက ဒုံးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာတွင် အီရန်နိုင်ငံမြို့တော် တီဟီရန်လေဆိပ် Imam Khomeini Airport မှ ပျံသန်းထွက်ခွာခဲ့သော ယူကရိန်းခရီးသည်တင် လေယာဉ်တစ်စီး လေဆိပ်မှ ပျံတက်ပြီး မကြာမီမှာ ပျက်ကျသွားခဲ့ပါတယ်။ ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါသူ ၁၈၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။

 

အဆိုပါလေယာဉ်ပျက်ကျမှုဟာ စစ်အတွင်းကို မတော်တဆရောက်သွားခဲ့ခြင်းကြောင်းလား ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ ရိုက်တာသတင်းဌါနရဲ့ အဆိုအရ ဘိုးရင်း 737 လေယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထားကြပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေဟာ လေယာဉ်ပျက်ကျတဲ့နေရာကို ရောက်ရှိနေကြကြောင်း Ap သတင်းမှာ ဖော်ပြထားပါတယ်။ တချို့သတင်းတွေမှာတော့ အီရန်ဘက်က အမေရိကန်ဘက် ဝင်လာတဲ့ လေယာဉ်နဲ့မှားပြီး ပစ်ချလိုက်တယ်လို့ ဆိုကြပါတယ်။

ယူကရိန်လေကြောင်း 737-800 ၏ ခရီးစဉ်မှတ်တမ်းအရ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လေယာဉ်ပျံတက်ပြီး မကြာခင်မှာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းအနေနဲ့ လေယာဉ်ပျက်ကျခဲ့မှုအပေါ် တုံ့ပြန်ပြောဆိုခြင်း တစ်စုံတစ်ရာမရှိသေးပါဘူး။

ယခု အခြေအနေဟာ အီရန်နဲ့ အမေရိကန် ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ဖြစ်နေပြီး  ယခုလိုမတော်မဆမျိုးက တစ်ကယ်ပဲ မတော်မဆလား ၊ အီရန်ကပဲ ပစ်ချလိုက်သလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ အခြေအနေကတော့ လေယာဉ်က ဝုန်းခနဲ့ ဆိုပြီး ရစရာမရှိအောင် ပေါက်ကွဲပျက်စီးသွားတဲ့ ပုံစံဖြစ်ပါတယ်။


08 Jan 2020     1,829 Views




RELATED

Most Popular of International News

Most Popular of NEWS